ဟီလာရီကလင်တန်မှာ အပြစ်မရှိဘူးလို့ FBI ကပြောပြီ


ဒီမိုကရက်ပါတီရဲ့ အမေရိကန်သမ္မတလောင်း ဟီလာရီ ကလင်တန်အပေါ် တစုံတရာ စွဲချက်တင်စရာ မရှိဘူးလို့  FBI ညွန်ကြားရေးမှူးချူပ်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ဟီလာရီနိုင်ငံခြားရေးဝန်ကြီးတာဝန်ယူချိန်က ကိုယ်ပိုင်ဆာဗာနဲ့ အီးမေးလ်တွေ အသုံးပြုခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ FBI က ထပ်မံစုံစမ်းစစ်ဆေးတာတွေလုပ်ခဲ့ပါတယ်။

 ဒါပေမဲ့ ဒီကနေ့ ကွန်ဂယက်ကို ပေးပို့တဲ့စာမှာ နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူစဉ်က သုံးခဲ့တဲ့ အီးမေးလ်အားလုံးကို ပြန်စစ်ဆေးပြီးဖြစ်ကြောင်းနဲ့ ဥပဒေချိုးဖေါက်ထားတာ မတွေ့ရဘူးလို့ FBI ညွန်ကြားရေးမှူးချူပ် James Comey က ဖေါ်ပြလိုက်တာဖြစ်ပါတယ်။

 အဲဒီလို ဥပဒေချိုးဖေါက်တာမတွေ့ရတဲ့အတွက် ရာဇ၀တ်မူနဲ့ တစုံတရာ စွဲချက်တင်စရာမရှိဘူးလို့ လည်း
ညွန်ကြားရေးမှူးချူပ် James Comey က ပြောပါတယ်။

 ရွေးကောက်ပွဲကျင်းပခါနီး ၂ ရက်အလို အခုလို FBI ရဲ့  ရှင်းလင်းပြောဆိုချက်ဟာ ဟီလာရီကလင်တန်အတွက် အားသာချက်တခုဖြစ်စေနိုင်တယ်လို့ နိုင်ငံတကာအေ၈ျင်စီသတင်းတွေမှာ ဖေါ်ပြထားပါတယ်။

5 Plus News
https://www.facebook.com/5plusnews
ဟီလာရီကလင်တန်မှာ အပြစ်မရှိဘူးလို့ FBI ကပြောပြီ ဟီလာရီကလင်တန်မှာ အပြစ်မရှိဘူးလို့ FBI ကပြောပြီ Reviewed by THITHTOOLWIN on 05:55 Rating: 5
Powered by Blogger.