သတ်မှတ်ဈေးထက် ပိုတောင်းပြီး မပေးသူများကို ကားပေါ်မှ ဆင်းခိုင်းပြီး မောင်းထွက်သွားသည့် လှည်းကူး - မင်းကုန်းကား နှင့် facebook ပေါ်မှ ရိုက်ခတ်သံ


သတ်မှတ်ဈေးထက် ပိုတောင်းပြီး မပေးသူများကို ကားပေါ်မှ ဆင်းခိုင်းပြီး မောင်းထွက်သွားသည့် လှည်းကူး - မင်းကုန်းကား (၉-၁၁-၂၀၁၆)

9-11-2016 နံနက် 7း45 ဖြစ်စဉ်လေးပါ။ လှည်းကူးဈေးမှ ဖောင်ကြီးမင်းကုန်းသွား ကားစပါယ်ယာမှ မိုးရွာနေလို့ ကားခ တစ်ယောက် ၅၀၀ ပေးရမည် မပေးရင် ကားမထွက်တော့ဘူးပြောပြီး သီတာအေးလမ်းထိပ်အရောက် ကားခကောက်တော့ ကျွန်မအပါအဝင် ဝန်ထမ်းဆရာမများမှ မိုးရွာလဲ ငါတို့အလုပ်သွားရတာ မင်းတို့လဲ မိုးရွာတာနဲ့ ကားခပိုတောင်းရသလား မပေးနိုင်ဘူးပြောကြတော့---
ကားရပ်ပြီး ဒရိုင်ဘာက ဒါဆို မမောင်းတော့ဘူးဆိုပြီး ကားပေါ်ပါသော ကလေးအမေ။ သက်ကြီးရွယ်အို။ မယ်သီလရင်နှင့် ဝန်ထမ်းအားလုံးကို ပုံပါအတိုင်း ဆင်းခိုင်းနေတဲ့ ကားဒရိုင်ဘာနှင့် စပါယ်ယာ နှင့်တကွ ကားနံပါတ်တွေပါ၊ အင်မတန်မိုက်ရိုင်း အတ္တကြီးပြီး လူအများ မိုးရေထဲတွင် စိတ်အနှောက်အယှက် ပြုလုပ်သောအဆိုပါ ကားနှင့် ဒရိုင်ဘာ စပါယ်ယာ များကိုလိုအပ်သလို ပြုပြင်ပေးနိုင်ရန် တင်ပြပေးခြင်း ဖြစ်ပါသည်ရှင့်။

ကျောင်းဆရာမတစ်ဦး

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ