မြရွှေစင် Express ဘုရားဖူးယာဉ် အမြန်လမ်းပေါ်မှာ တစ်စီးလုံးမီးလောင်ကျွမ်း


 ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်း ရဲစခန်းအပိုင် မိုင်တိုင် အမှတ် ၁၉၃/၇နှင့် ၁၉၄/၀ အကြား၌ ရန်ကုန်ဘက်မှ နေပြည်တော် ဘက်သို့ ယာဉ်မောင်း ဝင်းဗိုလ် မောင်းနှင် လာသော မြရွှေစင် Express ဘုရားဖူးယာဉ်မှာ နိုဝင်ဘာလ (၁၂)ရက်နေ့ နံနက် ၃ နာရီခွဲခန့်က ယာဉ် နောက်ခန်းရှိ အင်ဂျင်ခန်းမှာ အပူရှိန် မြင့်တက်ပြီး ဝါယာ ရှော့ဖြစ်ကာ မီး စလောင်ကျွမ်းခဲ့သည်။


မော်တော်ယာဉ် မီးလောင်မူကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား (၁၅)ဦး ၊အမျိုးသမီး (၂၆)ဦး ပေါင်း (၄၁)ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိမူ မရှိသော် လည်း မြရွှေစင် Express ယာဉ်မှာ တစ်စီးလုံး မီးလောင်ကျွမ်း ခဲ့သောကြောင့် ခန့်မှန်း တန်ဖိုးကျပ်သိန်း (၅၀၀)ဖိုးခန့် ပျက်စီးသွားခဲ့သည်။


 ယာဉ်တစ်စီးလုံး မီး လောင်ကျွမ်း ခဲ့သော မြရွှေစင် Express ခရီးသည်တင် ယာဉ်မောင်း ဝင်းဗိုလ်အား ပလွေး အမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၃၁/ ၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၂၈၅ အရ အမှုဖွင့် အရေးယူ ထားကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ သိရသည်။

ဓါတ်ပုံ(အမြန်လမ်းရဲတပ်ဖွဲ့)
by သစ်ထူးလွင်
မြရွှေစင် Express ဘုရားဖူးယာဉ် အမြန်လမ်းပေါ်မှာ တစ်စီးလုံးမီးလောင်ကျွမ်း  မြရွှေစင် Express ဘုရားဖူးယာဉ် အမြန်လမ်းပေါ်မှာ တစ်စီးလုံးမီးလောင်ကျွမ်း Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.