မိုးသောက်ရောင်နီ Express အမြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ် ၆ ဦးသေဆုံး၊ ၁၇ ဦး ဒဏ်ရာရ


နေပြည်တော် နိုဝင်ဘာ (၁၂)

ရန်ကုန်- မန္တလေး အမြန် လမ်းမကြီးတွင် နိုဝင်ဘာလ (၁၂)ရက်နေ့  ယနေ့နံနက် ၁ နာရီက ဇီးပင်သာ အမြန်လမ်း ရဲစခန်းအပိုင် မိုင်တိုင် အမှတ် ၁၄၉/၂ နှင့် ၁၄၉/၃ အကြား မကွေးမှ ရန်ကုန်သို့ ယာဉ်မောင်း အောင်မြင့် မောင်းနှင် လာသော မိုးသောက်ရောင်နီ Express ခရီးတင်မော်တော် ယာဉ်မှာ မိုးရွာသွန်းစဉ် စလစ်ဖြစ်ပြီး လမ်းယာဘက် ရှိ ရေမြောင်းထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။


ယာဉ်တိမ်းမှောက်မူကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား (၃၆)ဦး အမျိုးသမီး (၁၇)ဦး ပေါင်း (၅၃)ဦး အနက် အမျိုးသား (၄)ဦး ၊ အမျိုးသမီး (၂)ဦး ပေါင်း(၆)ဦး သေဆုံးပြီး အမျိုးသား (၁၅)ဦး ၊ အမျိုးသမီး (၂)ဦး ပေါင်း (၁၇)ဦး ဒဏ်ရာ ရရှိခဲ့သည်။

 မိုးသောက်ရောင်နီ Express မကွေး- ရန်ကုန် ခရီးသည်တင် ယာဉ်မောင်း အောင်မြင့်အား ဇီးပင်သာ အမြန်လမ်း ရဲစခန်းမှ ယာဉ်(ပ) ၂၉/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄က/ ၃၃၈/ ၃၃၇/ ၂၀၂ တို့အရ အမှုဖွင့် အရေးယူထားကြောင်း သိရပါသည်။

သတင်း - MOI
ဓါတ်ပုံ(အမြန်လမ်းရဲတပ်ဖွဲ့)

by သစ်ထူးလွင်

မိုးသောက်ရောင်နီ Express အမြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ် ၆ ဦးသေဆုံး၊ ၁၇ ဦး ဒဏ်ရာရ  မိုးသောက်ရောင်နီ Express အမြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ် ၆ ဦးသေဆုံး၊ ၁၇ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:20 Rating: 5
Powered by Blogger.