ရဲသူအောင် Express အမြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ် ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ


နေပြည်တော် နိုဝင်ဘာ (၁၂)

ရန်ကုန်- မန္တလေး အမြန် လမ်းမကြီးတွင် နိုဝင်ဘာလ (၁၂)ရက်နေ့ ယနေ့နံနက် ၀ နာရီ ၁၅ မိနစ်တွင် ရဲသူအောင် Express ခရီးသည်တင်ယာဉ်မှာ ရှေ့မှ STAREX မော်တော်ယာဉ်အား အနောက်မှ ဝင်တိုက်ခဲ့မိ သဖြင့် ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။


ဖြစ်စဉ်များမှာ ယနေ့နံနက် ၀ နာရီ ၁၅ မိနစ်တွင် ပေပင်လေး အမြန်လမ်း ရဲစခန်းအပိုင်၊ မိုင်တိုင်အမှတ် ၂၅၄/၃နှင့် ၂၅၄/၄ အကြား ရန်ကုန်မှ မန္တလေး ဘက်သို့ ယာဉ်မောင်း သက်နိုင်ဆွေ မောင်းနှင်းလာသော ရဲသူအောင် Express ခရီးသည်တင် ယာဉ်မှာ ရှေ့မှယာဉ်မောင်း လှသိန်း မောင်းနှင် သည့် STAREX မော်တော်ယာဉ်အား အနောက်မှ ဝင်တိုက်ခဲ့သည်။


ထို့ကြောင့် ရဲသူအောင် Express ခရီးသည်တင် ယာဉ်မှ ယာဉ်မောင်းပါ (၄၉)ဦးမှာ ထိခိုက် ဒဏ်ရာရရှိမူ မရှိသော်လည်း STAREX ယာဉ်ပေါ်မှ ယာဉ်မောင်းပါ (၆)ဦး အနက် အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသား နှစ်ဦး၊ အမျိုးသမီးနှစ်ဦး ပေါင်းလေးဦး ဒဏ်ရာရရှိခဲ့သည်။


အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ကို မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်သည့် ရဲသူအောင် Express ခရီးသည်တင် ယာဉ်မောင်း သက်နိုင်ဆွေ အား ပေပင်လေး အမြန်လမ်း ရဲစခန်းမှ ယာဉ်(ပ)၆၈/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ၊ ၃၀၄(က) ၊၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားသည်။

သတင်း - MOI
ဓါတ်ပုံ - ဓါတ်ပုံ(အမြန်လမ်းရဲတပ်ဖွဲ့)
by သစ်ထူးလွင်

ရဲသူအောင် Express အမြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ် ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ  ရဲသူအောင် Express အမြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ် ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:13 Rating: 5
Powered by Blogger.