မြန်မာကာကွယ်ရေးဦးစီးချုပ် EU အစည်းဝေးမှာ မိန့်ခွန်းပြောမည်

မြန်မာကာကွယ်ရေးဦးစီးချုပ် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos နှင့်တွေ့ဆုံ (Senior General Min Aung Hlaing Facebook)
EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများရဲ့ စစ်ဘက်ဆိုင်ရာ ကော်မတီ (EUMC) အစည်းအဝေးမှာ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒီကနေ့ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။

ဥရောပသမဂ္ဂ ကာကွယ်ရေးဦးစီးချုပ်များရဲ့ ၁ နှစ် ၂ ကြိမ် ကျင်းပတဲ့ အစည်းအဝေးအတွင်း လက်ရှိမြန်မာနိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ အခင်းအကျင်း၊ ဒီမိုကရေစီ် အပြောင်းအလဲနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ စစ်တပ်ရဲ့ပြောင်းလဲတိုးတက်မှု အခြေအနေတွေကို ကာကွယ်ရေးဦးစီးချုပ်က နိုဝင်ဘာ ၈ ရက်၊ အင်္ဂါနေ့မှာ မိန့်ခွန်းပြောကြားမှာဖြစ်တယ်လို့ EU နိုင်ငံခြားဆက်ဆံရေးနဲ့ လုံခြုံရေးမူဝါဒရေးရာရုံး ပြောခွင့်ရသူက VOA မြန်မာပိုင်းကို ပြောပါတယ်။

နိုဝင်ဘာ ၇ ရက် တနင်္လာနေ့ကတော့ Belgium နိုင်ငံ Brussels မြို့တော်မှာ ရောက်နေတဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဟာ ကော်မတီရဲ့ အမြဲတမ်းဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mikhail Kostarakos နဲ့တွေ့ဆုံခဲ့ပါတယ်။ မြန်မာစစ်တပ်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ စစ်တပ်တွေကြား ဆက်ဆံရေးတိုးမြှင့်ရေး၊ လေ့ကျင့်သင်တန်းများစေလွှတ်ရေးနဲ့ အနာဂတ်ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကာကွယ်ရေးဌာန့က သတင်းထုတ်ပြန်ပါတယ်။ ၂ ရက်ကြာ ကျင်းပနေတဲ့ ဥရောပသမဂ္ဂရဲ့ အဆင့်အမြင့်ဆုံး စစ်ဘက်ဆိုင်ရာကော်မတီ စည်းဝေးပွဲမှာ မိန့်ခွန်းပြောဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဗိုလ်ချုပ်ကြီး Kostarakos ကဖိတ်ကြားခဲ့တာပါ။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
မြန်မာကာကွယ်ရေးဦးစီးချုပ် EU အစည်းဝေးမှာ မိန့်ခွန်းပြောမည် မြန်မာကာကွယ်ရေးဦးစီးချုပ် EU အစည်းဝေးမှာ မိန့်ခွန်းပြောမည် Reviewed by THITHTOOLWIN on 08:49 Rating: 5
Powered by Blogger.