ဒေါပုံမြို့နယ်၊ Capital Supermarket အတွင်း ပေါက်ကွဲမှုဖြစ်ပွား


ရန်ကုန် နိုဝင်ဘာ ၂၀

ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် Capital Supermarket တွင် ပေါက်ကွဲမှု(၃)ကြိမ်ဖြစ်ပွားခဲ့ပါသည်။

ပထမအကြိမ်မှာ (၁၇း၄၅)နာရီအချိန်တွင် Capital Supermarket ပထမထပ် ပလပ်စတစ်ပစ္စည်း အရောင်းခန်းမတွင် ဖြစ်ပွားခဲ့ပါသည်။ ဒုတိယအကြိမ်နှင့် တတိယအကြိမ်မှာ (၁၇း၄၅)အချိန်တွင် မြေညီထပ်မုန့် အရောင်း ခန်းမ၌ ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိပါကြောင်းနှင့် အနီးရှိ ပလစ်စတစ်အရောင်းဆိုင်မှ ပစ္စည်းအနည်းငယ်နှင့် အချိုရည် ပုလင်းအချို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။ ပေါက်ကွဲမှုဖြစ်ပွားရခြင်း အကြောင်းရင်းနှင့် နောက်ဆက်တွဲအခြေအနေများအား အသေးစိတ် စုံစမ်းစစ်ဆေး လျက်ရှိပါကြောင်း သတင်းရရှိသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဒေါပုံမြို့နယ်၊ Capital Supermarket အတွင်း ပေါက်ကွဲမှုဖြစ်ပွား  ဒေါပုံမြို့နယ်၊ Capital Supermarket အတွင်း ပေါက်ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:10 Rating: 5
Powered by Blogger.