နေပြည်တော်၊နိုဝင်ဘာ-၎
ရန်ကုန်မန္တလေးအမြန်လမ်းမကြီး၏ဖြူးအမြန်လမ်းရဲစခန်း အပိုင် မိုင်တိုင်အမှတ် ၁၀၉/၁ နှင့်၁၀၉/၂ အကြားယာဉ် မောင်း မျိုးမြင့် မောင်နှင်လာသော ယာဉ်မှာ ယနေ့နံနက် ၇ နာရီက ရှေ့ဝဲဘက်ဘီးပေါက်ပြီးအရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်ကပ်တုံး တိုက်ကာ လမ်းလယ်ကျွန်းပေါ်ရောက်ရှိရပ် တန့်ခဲ့သည်။
ဖြစ်စဉ်ကြောင့်ယာဉ်ပေါ်ပါရှိသူများဒဏ်ရာရရှိမှုမရှိသော်လည်းယာဉ်မှာ သုံးသိန်း ဖိုးခန့်ပျက်စီးသွားသည်။ သို့ပါ၍ယာဉ်မောင်း မျိုးမြင့်အား ဖြူးအမြန်လမ်းရဲတပ်ဖွဲ့မှယာဉ် ပ/၃၆/၂၀၁၆ ၊ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ အရေးယူ ထားကြောင်းအမြန်လမ်းရဲတပ်ဖွဲမှသိရသည်။
သန်ဦး(လေးမျက်နှာ)
ဓာတ်ပုံ၊အမြန်လမ်းရဲတပ်ဖွဲ့
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
CALDINA ယာဉ်ဝဲဘက်ရှေ့ဘီးပေါက်၍ အရှိန်မထိမ်းနိုင် ဘဲလမ်းလယ် ကပ်တုံးတိုက်
Reviewed by THITHTOOLWIN
on
19:58
Rating:
