ကျီးကန်းပြင်​ရဲစခန်း အကြမ်းဖက်​တိုက်​ခိုက်​မှုတွင်​ ပါဝင်​သည်​ဟု သံသယရှိသူ ၁၃ ဦး ထပ်မံဖမ်းဆီးရမိ


နိုဝင်ဘာ ၂၄၊ ၂၀၁၆

လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ကျီးကန်းပြင်ရဲစခန်းအား အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သည်ဟု သံသယရှိသူ ဝါးပိတ်ကျေးရွာမှ အီနုနှင့် အာယုတို့အား နိုဝင်ဘာ ၂၄ ရက် နံနက် ၇ နာရီခန့်တွင်လည်းကောင်း၊ ဦးရှည်ကျ ကျေးရွာမှ ရှားအာလောင် အပါအဝင် ၁၁ ဦးအား ၈ နာရီခွဲခန့်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 ဖမ်းဆီးရမိသူများအား လုပ်ထုံး လုပ်နည်းနှင့်အညီ သက်ဆိုင်ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်ထားကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
ကျီးကန်းပြင်​ရဲစခန်း အကြမ်းဖက်​တိုက်​ခိုက်​မှုတွင်​ ပါဝင်​သည်​ဟု သံသယရှိသူ ၁၃ ဦး ထပ်မံဖမ်းဆီးရမိ  ကျီးကန်းပြင်​ရဲစခန်း အကြမ်းဖက်​တိုက်​ခိုက်​မှုတွင်​ ပါဝင်​သည်​ဟု သံသယရှိသူ ၁၃ ဦး ထပ်မံဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.