စစ်တွေ ဒကစ စစ်ဌာနချုပ်ဗဟိုကင်းတွင် ပေါက်ကွဲမှုဖြစ်ပွား


နိုဝင်ဘာ ၇/DMG

ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့၊မွန်းလွဲ ၁၂ နာရီအချိန်ခန့်တွင် ရခိုင်ပြည်နယ်အခြေစိုက် ဒေသကွက်ကဲရေး စစ်ဌာနချုပ် အခြေစိုက် ဒေသကွက်ရေး စစ်ဌာနချုပ်(စစ်တွေ)၏ ဗဟိုကင်း၌ လက်နက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

“ဟုတ်တယ်ဗျာ။လက်နက်တိုက်ပေါက်ကွဲတယ်လို့တော့ သတင်းပေးပို့ထားပါတယ်။ဘယ်လောက်ဆုံးရှုံးလဲ၊ ဘာကြောင့်ပေါက်ကွဲတာလဲဆိုတာကိုတော့ သူတို့သတင်းမပို့သေးတဲ့အတွက် သတင်းထုတ်ပြန်ဖို့ ခက်နေသေးတယ်”လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းနှင့်ပြန်ကြားရေးဥက္ကဌဦးမင်းအောင်က ပြောသည်။

ယင်းပေါက်ကွဲမှုမှာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဗဟိုကင်းရှိ လက်နက်များထားရှိသည့် ယမ်းတိုက်မှာ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ယင်းပေါက်ကွဲမှုများကြောင့် မီးသတ်ကားများလာရောက်ငြိမ်သတ်ပေးခဲ့ရကာ နေ့လည် ၁ နာရီကျော်ခန့်တွင် ငြိမ်သွားကြောင့်သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာသို့ဒကစမှတာဝန်ရှိသူများက သတင်းမီဒီယာနှင့်ပြင်ပ ပုဂ္ဂိုလ်များကိုလည်း ဝင်ရောက်ခွင့်မပြုဘဲ ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းကိုလည်း ဖြေဆိုရန် ငြင်းဆန်နေကြသည်။

ပေါက်ကွဲမှုကြောင့် တပ်အတွင်းတွင်ရှိသည့် ရဟတ်ယာဉ်များကိုလည်း နေရာပြောင်းရွှေ့လိုက်ရကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတစ်စုံတစ်ရာယခုအချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

ဓာတ်ပုံ-ဖိုးသီဟ(မြတ်သူထွန်း)
Development Media Group
https://www.facebook.com/DevelopmentNJ/
စစ်တွေ ဒကစ စစ်ဌာနချုပ်ဗဟိုကင်းတွင် ပေါက်ကွဲမှုဖြစ်ပွား  စစ်တွေ ဒကစ စစ်ဌာနချုပ်ဗဟိုကင်းတွင် ပေါက်ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:54 Rating: 5
Powered by Blogger.