စလင်းမြို့နယ် ----ရပ်ကွက်နေထိုင်သူ မ-----အသက်(၁၅)နှစ် အမျိုးသမီးငယ်တဦးအား အသက်၂၃နှစ် အရွယ် အမျိုးသားတဦးက ချစ်ကြိုက်ကြောင်းပြော၍ သားမယားပြုကျင့်ကြောင်း ဖခင်ဖြစ်သူက စလင်းမြို့ ရဲတပ်ဖွဲ့စခန်းသို့ တရားလိုပြုလုပ် တိုင်ကြားခဲ့ရာ စလင်းမြို့နယ်ဆေးရုံက ဆေးစစ်ရန်လက်မခံခဲ့၍ မကွေးဆေးရုံတွင် သွားရောက်ဆေးစစ်ခဲ့ရသည်။
ဖြစ်စဉ်မှာ မ---သည် ပဲကြော်ဖိုလုပ်ငန်းတွင် လုပ်ကိုင်နေသူဖြစ်သည်။ ထိုပဲကြော်ဖိုလုပ်ငန်းတွင် လာရောက်လုပ်ကိုင်သညမှာ ၂ ရက်သာရှိသေးသော တရားခံအဖြစ် စွပ်စွဲခံရသူ စလင်းမြို့နယ် မကျီစင်ကျေးရွာနေသူ လှစန်းမောင် အသက်(၂၃)သည် မ--- ကို နိုဝင်ဘာ ၃ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် သားမယားပြုကျင့်ခဲ့ကြောင်း စလင်းမြို့ရဲတပ်ဖွဲ့ထံမှ သိရသည်။
“သူက လူပျိုလဲမဟုတ်တဲ့အပြင် အိမ်ထောင်က နှစ်ဆက်နဲ့။ ကျွန်မသမီးကို ချစ်တယ်ကြိုက်တယ်ဆိုပြီး အိမ်အနီးက ဘာသာရေးဝင်းအတွင်းခေါ်ယူပြီး သားမယားအဖြစ် ပြုကျင့်ခဲ့တာပါ။ သမီးလေးအတွက် အရမ်းစိတ်မကောင်းဖြစ်နေတာပါ။ ကလေးကို ခိုးပြေးမယ်ပြောတယ်။ နောက်ပြီး သားမယားအဖြစ် ပြုကျင့်ပြီးမှ ခဏနေလာခေါ်မယ်ပြောပြီး ထားခဲ့တာပါ”ဟု မ--- ၏မိခင်က ပြောပြသည်။
ရဲတပ်ဖွဲ့အနေဖြင့် လှစန်းမောင်ကိုရှာဖွေဖမ်းဆီးရာ နိုဝင်ဘာ ၅ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (ပ) ၅၃၃/၂၀၁၆ အရ ၃၆၃၊ ၃၇၆ တို့ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်နေကြောင်း စလင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ဒုတိယရဲမှူးဦးဝင်းနိုင်က ပြောသည်။
သားမယားအဖြစ် ပြုကျင့်ခံခဲ့ရသော အမျိုးသမီးငယ်အား မကွေးဆေးရုံတွင် ဆေးစစ်နိုင်ရန်အတွက် လမ်းစရိတ် ငွေကျပ် နှစ်သောင်းကို စလင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကူညီပေးခဲ့ရပြီး အခြားလိုအပ်ငွေ တသောင်းကို ရဲတပ်ဖွဲ့နှင့် ရပ်မိရပ်ဖတဦးက စုပေါင်းလှူဒါန်းပေးခဲ့ရကြောင်း သိရသည်။
စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
အသက်မပြည့်သေးသော မိန်းကလေးငယ်အား ချစ်ကြိုက်ကြောင်းပြော၍ သားမယားပြုကျင့်သူကို ဖမ်းဆီရမိ
Reviewed by THITHTOOLWIN
on
19:35
Rating:
