မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဝန်းသိုမြို့နယ် ကျေးရွာအချို့၌ ရေကြီးရေလျှံမှုဖြစ်ပွား


ဝန်းသို နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၌ နိုဝင်ဘာ ၈ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝန်းသိုမြို့နယ်၊ မန်ကျေးကုန်းကျေးရွာ၊ ဇီးဖြူပင်ကျေးရွာ၊ ဂွေ့ကြီးကျေးရွာ၊ လက်ပံကြီးတောကျေးရွာ၊ အုပ်ဖိုကျေးရွာ၊ သရအိုက်ကျေးရွာ၊ ရှမ်းစုကျေးရွာ၊ စိန်လည်ကျေးရွာ၊ သပြေသာကျေးရွာများတွင် ရေကြီး ရေလျှံမှုများဖြစ်ခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် ခရမ်းချဉ်၊ ငရုပ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီ ပြောင်း စသော ဆောင်းသီးနှံစိုက်ခင်းများရေနှစ်မြုပ် ပျက်စီးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဝန်းသိုမြို့နယ် ကျေးရွာအချို့၌ ရေကြီးရေလျှံမှုဖြစ်ပွား   မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဝန်းသိုမြို့နယ် ကျေးရွာအချို့၌ ရေကြီးရေလျှံမှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:32 Rating: 5
Powered by Blogger.