မြန်မာသံရုံး ဗုံးဖောက်ခွဲရန် ကြံစည်သူ အင်ဒိုနီးရှားတွင် ဖမ်းမိ


ဂျာကာတာမြို့ရှိ အစိုးရ အဆောက်အအုံများနှင့် မြန်မာသံရုံး တို့အား ဗုံးဖောက်ခွဲရန် ကြံစည်သည့် အစ္စလာမစ် စစ်သွေးကြွ တစ်ဦးအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့မှ ဖမ်းမိကြောင်း အင်ဒိုရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ က ပြောကြား ကြောင်း ရိုက်တာ သတင်းဖော်ပြချက်အရ သိရသည်။

ဖမ်းမိသူမှာ အသက် ၂၃ နှစ်အရွယ် Rio Priatna Wibawa ဖြစ်ပြီး IS အဖွဲ့၏ အထောက်အပံ့ရထားသည့် အင်ဒိုနီးရှားအဖွဲ့မှ ဖြစ်နိုင်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ဖောက်ခွဲရန် ကြံစည်သူသည် ၂၀၀၂ ခုနှစ်၊ ဘာလီနိုကလပ်တွင် လူပေါင်း ၂၀၂ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ထက် နှစ်ဆပိုများသည့် ပေါက်ကွဲမှုဖြစ်ရန် ကြံစည်ထားကြောင်း ဒေသခံ သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

Wibawa သည် စိုက်ပျိုးရေး သိပ္ပံတက္ကသိုလ်တွင် လေ့လာနေသူ တစ်ဦးဖြစ်ပြီး အလုပ်အကိုင် မရှိသူတစ်ဦးဖြစ်ပြီး ၄င်းအနေဖြင့် အင်ဒိုနီးရှားနိုင်ငံရှိ နေရာ အများစုကို ဖောက်ခွဲနိုင်သည့် ဗုံးများ ပြုလုပ်ထားသည်ကို ဖမ်းဆီး ရရှိခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Boy Rafli Amar က စနေ့နေ့ (နိုဝင်ဘာ ၂၆ ရက်)တွင် ပြောသည်။

ယခုနှစ်အတွင်း IS အဖွဲ့နှင့် ချိတ်ဆက်သူများ ရှိနိုင်ပြီး ဇန်န၀ါရီလအတွင်းက ဂျကာတာမြို့တော်အတွင်း သေနတ်နှင့် ဗုံးများ အသုံးပြုကာ တိုက်ခိုက် မှုကြောင့် လူလေးဦး သေဆုံးခဲ့ခြင်းရှိကြောင်း ဆိုသည်။ အာဏာပိုင်များ ၏ ပြောဆိုချက်အရ အင်ဒိုနီးရှားနိုင်ငံမှ IS အဖွဲ့နှင့် ချိတ်ဆက် ထားသူ ရာပေါင်းများစွာရှိ နိုင်ကြောင်း ပြောဆိုခြင်းများ ရှိသည်။

Ref/Photo : Reuters
စိုင်းဟန်
The Ladies News
https://www.facebook.com/News.TheLadies/
မြန်မာသံရုံး ဗုံးဖောက်ခွဲရန် ကြံစည်သူ အင်ဒိုနီးရှားတွင် ဖမ်းမိ မြန်မာသံရုံး ဗုံးဖောက်ခွဲရန် ကြံစည်သူ အင်ဒိုနီးရှားတွင် ဖမ်းမိ Reviewed by THITHTOOLWIN on 12:30 Rating: 5
Powered by Blogger.