ဖားကန့်မြို့နယ်တွင် စစ်ဘက်အရာရှိ၏ ရိုတ်နှက် စစ်ဆေးမှုကြောင့် အရပ်သားတဦး သေဆုံး


၁၅.၁၁.၂၀၁၆ နေ့ ည (၈)နာရီခန့်အချိန်တွင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာ ရပ်ကွက် (၆) ရှိ ဦးလှထွန်း (၅၀) နှစ်၏ နေအိမ်သို့ ခမရ( ၂၅၀ )မှ ဗိုလ်ကြီး နေဖြိုးအောင် ဦးဆောင်သော အဖွဲ့မှ ဝင်ရောက်လာပြီး အိမ်ရှင် ဦးလှထွန်း ၊ဦးသန့်ဇင် ၊ဦးအောင်ကျော်စိုးတို့ ထမင်းစားနေကြစဉ် လက်မြှောက်ခိုင်းပြီး (၃) ဦးစလုံးအား ထိုးကြိတ် ရိုက်နှက်ကာ ဦးလှထွန်းနှင့် ဦးသန့်ဇင်တို့ နှစ်ဦးအား တန်သုံးထောင် တပ်စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်ဟု သိရပါသည် ။

ဦးလှထွန်း၏ နေအိမ်တစ်အိမ်လုံး ရှာဖွေခြင်းများပြုလုပ်ကာ သေတ္တာအတွင်းမှ ငွေနှင့် တယ်လီဖုန်းတစ်လုံးပါ ယူသွားသည်ဟု ရိုက်နှက်ခံခဲ့ရသည့် ဦးအောင်ကျော်စိုးမှ ပြောပါသည် ။ စခန်းသို့ ရောက်သောအခါ ဦးလှထွန်းအား ခြောက်ပေါက်ထဲသို့ ထည့်ကာ ကြိုးခွေများဖြင့် ရိုက်နှက်နေသည်ကို တွေ့ရသည့်ဟု အတူဖမ်းဆီးခြင်းခံရသူ ဦးသန့်ဇင်မှ ပြောဆိုခဲ့ပါသည် ။

“ ကျနော်ရှိတုန်းကတော့ ကြိုးခေါက်နဲ့ရိုက်နေတာတွေ့တယ် ။စစ်သားတွေ တစ်ယောက်တစ်လှည့်ရိုက်နေတာဗျ ။ကျနော်နဲ့ သူတို့ရိုက်နေတဲ့ နေရာနဲ့ (၁၅)ပေလောက်ပဲဝေးတယ် ။ကျနော်ပြန်လာတော့ ဦးလှထွန်းရဲ့ အသံမကြားတော့ဘူး ။ခြောက်ပေါက်ထဲမှာ ပက်လက်ကြီးတွေ့ခဲ့ရတယ် ” ဟု ဦးသန့်ဇင်မှ သူမြင်တွေ့ခဲ့ရသည်များကို ပြောပြခဲ့ပါသည် ။

ဦးသန့်ဇင်အား အမှုနှင့်မဆိုင်ဟုဆိုကာ ည(၁၁) နာရီခန့်တွင် ပြန်လွှတ်ခဲ့သည်ဟု ၎င်းမှ ဆက်လက်ပြောကြားခဲ့ပါသည် ။ ၁၆.၁၁.၂၀၁၆ နံက် (၄)နာရီခန့်တွင် ဦးလှထွန်း သေဆုံးသွားခဲ့သည်ဟု သိရပါသည် ။

အဆိုပါလူသေမှုအား သေမှုသေခင်းအမှတ် ၇၄/၂၀၁၆ ဖြင့် ဖားကန့် ရဲစခန်းမှ အမှုဖွင့်ထားသည်ဟု သိရပါသည် ။

၁၇.၁၁.၂၀၁၆ နေ့ နံက (၁၀)နာရီခန့်တွင် ဖားကန့်ပြည်သူ့ဆေးရုံတွင် ဒေါက်တာဝင်းမင်းလတ် ၊စကခ ( ၇ ) မှ ဆေးမှူး ဗိုလ်ကြီး ရာဇာမင်း ၊ဆိပ်မူ ရဲကင်းမှူး ရဲအုပ် ထွန်းအောင် တို့မှ သေဆုံးသူ ဦးလှထွန်း၏ ရုပ်အလောင်းအား ရင်ခွဲ စစ်ဆေးခဲ့သည်ဟု သိရပါသည် ။ ကနဦး ဆေးစစ်ချက်အဖြေအရ တုံးသော လက်နက် ၊ပြင်းထန် ဒဏ်ရာ ၊ ဦးခေါင်း ဒဏ်ရာကြောင့် ဦးနှောက်သွေးယိုစီးမှုဖြစ်ပြီး သေဆုံးရကြောင်း အဖြေထွက်ရှိလာပါသည်။

ဦးလှထွန်း၏ ဇနီးမှ မိမိအနေဖြင့် တရားလိုလုပ် အမှုဖွင့် တိုင်ကြား လိုကြောင်းပြောကြားရာ စခန်းမှူးမှ ကျနော်တို့ အမှုဖွင့်ထားကြောင်း ၊ ခင်ဗျားတို့ တိုင်စရာ မလိုတော့ကြောင်း ၊စစ်သားများကိုလည်း ဖမ်းထားပြီဖြစ်ကြောင်းပြောကြားခဲ့သည်ဟု ဆိုပါသည် ။

(၁၈.၁၁.၂၀၁၆)ရက် နေ့လည် ၂:၀၀ချိန်တွင်ဦးလှထွန်း၏ရုပ်အလောင်းကို ဖားကန့်ပြည်သူ့ဆေးရုံ ရင်ကွဲရုံမှ ပို့ဆောင် သင်္ဂြီုလ်မည်ဟု သိရပါသည် ။

ဇော်မိုးထက် ( ဖားကန့် )
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ဖားကန့်မြို့နယ်တွင် စစ်ဘက်အရာရှိ၏ ရိုတ်နှက် စစ်ဆေးမှုကြောင့် အရပ်သားတဦး သေဆုံး   ဖားကန့်မြို့နယ်တွင် စစ်ဘက်အရာရှိ၏ ရိုတ်နှက် စစ်ဆေးမှုကြောင့် အရပ်သားတဦး သေဆုံး Reviewed by THITHTOOLWIN on 18:33 Rating: 5
Powered by Blogger.