မိုင်းပျဉ်းမြို့နယ်၌ ခရီးသည်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျ တစ်ဦးသေ


မိုင်းပျဉ်း နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် အနောက်ဘက် ၅ မိုင်ခန့်အကွာ ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးမိုင်တိုင်အမှတ် ၃၂၆/၇ နှင့် ၃၂၆/၈ ကြားတွင် နိုဝင်ဘာ ၁၁ ရက် ည ၁၀ နာရီခွဲက ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲချောက်ထဲထိုးကျခဲ့ကြောင်း သိရသည်။


 ဖြစ်စဉ်မှာ ကျိုင်းတုံမြို့ မှ တောင်ကြီးမြို့သို့ ယာဉ်မောင်း တင်လင်းဇော်(ခ)ကိုငယ်လေး ( ၂၈ နှစ်) မိုင်းဖြတ်မြို့နေမောင်းနှင်သည့် (6L/------) ဒို့ညီနောင်ခရီးသည်တင်ယာဉ်သည် မိုင်းပျဉ်းမြို့ အနောက်ဘက် ၅ မိုင်ခန့်အကွာ၌ လမ်းချော်၍ အရှိန်မထိန်းနိုင်ဘဲပေ ၂၅၀ ခန့်နက် ချောက် ထဲသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားရာ ယာဉ်ပေါ်ပါသူ ၁၁ ဦးအနက် ယာဉ်မောင်း တင်လင်းဇော် သေဆုံးပြီး ခရီးသည် ကိုးဦး တွင်လည်း ထိခိုက် ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မိုင်းပျဉ်းမြို့ ပြည်သူ့ဆေးရုံး ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

 အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မိုင်းပျဉ်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုင်းပျဉ်းမြို့နယ်၌ ခရီးသည်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျ တစ်ဦးသေ  မိုင်းပျဉ်းမြို့နယ်၌ ခရီးသည်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျ တစ်ဦးသေ Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.