![]() |
မောင်တောမြို့နယ်၌ မသင်္ကာသူ ၃ဦးထပ်မံဖမ်းဆီးရမိ |
လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁နာရီ မိနစ်၅၀တွင် မောင်တောမြို့နယ် မျောတောင် (တောင်) ရွာ အနီးတစ်ဝိုက်၌ သူဦးလာကျေးရွာနေ မသင်္ကာဖွယ် နော်ဘီဟူဆောင်း (၂၅)နှစ် (ဘ) အာမီဟူဆောင်းအား လက်ကိုင် ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိသည်။
အလားတူ နယ်မြေရှင်းလင်းစဉ် နိုဝင်ဘာ ၂၂ရက် နံနက် ၆ နာရီတွင် သဲချောင်းကျေးရွာနေ ဟူဆောင်းအာလီ (၅၀)နှစ် (ဘ) ဟာဘော်လတွန်နှင့် အာလီအာဘော် (၄၀)နှစ် (ဘ) ဒီလာဟူဆောင်း တို့အား ထပ်မံ ဖမ်းဆီးရမိသည်။
၎င်းဖမ်းဆီးရမိသူ (၂) ဦးမှာ အကြမ်းဖက် သင်တန်း တက်ရောက်ခဲ့သူများ ဖြစ်ကြောင်း ကနဦး သတင်းများအရ သိရသည်။
ဖမ်းဆီးရမိသူများအား လုပ်ထုံး လုပ်နည်းနှင့်အညီ သက်ဆိုင်ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်ထားကြောင်း သိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
အကြမ်းဖက်သမား ၃ဦး ထပ်မံ ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
16:04
Rating:
