မူစယ်မြို့ နမ့်ပေါ့တံတားအနီး ပစ်ခတ်မှုဖြစ်ပွါး


၂၆ .၁၁.၂၀၁၆ ည ၁၀ နာရီ ခုည မူဆယ်​ ပန်​ခမ်း နမ့်​​ပေါ့တံတား ပစ်ခတ်မှုဖြစ်နေသည့် နေရာ။ ဗွီဒီယို - မူဆယ်သူ မူဆယ်သားများ

နိုဝင်ဘာလ၂၆ရက်၂၀၁၆

မူစယ်နမ့်ခမ်းလမ်းရှိမူစယ်မြို့နှင့်ပန်ခမ်းရွာကြားနမ့်ပေါ့တံတားအနီးရှိ ရဲကင်းတွင်နိုဝင်ဘာလ ၂၆ရက် ညပိုင်းကပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ကြောင်းမူစယ်ဒေသခံများကပြောသည်။
"လက်နက်ကြီးသံက ည ၉ နာရီလောက်မှာစ-ကြားရတယ်။ အခုည ၁၀ နာရီအချိန်အထိ လက်နက်ကြီးသံ၁၀ လုံးလောက်ရှိပြီ။ပစ်ခတ်တိုက်ခိုက်တဲ့အသံတွေ ခုထိကြားနေရတုန်း။ နမ့်ပေါ့တံတားနားမှာ ရဲနဲ့ ပန်းဆေး ပြည်သူ့စစ် ရှိတယ်လေ။မဟာမိတ်တပ်က၀င်စီးတယ်လို့ ထင်ရတယ်"- ဟုမူစယ်မြို့ခံ စိုင်းစိုင်းက ပြောသည်။
၂၆ .၁၁.၂၀၁၆ ည ၁၀ နာရီ ခုည မူဆယ်​ ပန်​ခမ်း နမ့်​​ပေါ့တံတား ပစ်ခတ်မှုဖြစ်နေသည့် နေရာ။ ဓါတ်ပုံ - မူဆယ်သူ မူဆယ်သားများ

ပစ်ခတ်သံများကြားရသည့်နေရာတွင် နမ့်ပေါ့မြစ်အတွင်းမူစယ်နှင့်ဂျယ်ဂေါင်ကြားရှိ ကျွန်းပေါ်၌ ကာစီနိုလောင်းကစားရုံလည်း ရှိသည်ဟုသိရသည်။

ထိုအနီးတ၀ိုက်ရှိမည်သည့်နေရာတွင်တိုက်ပွဲဖြစ်ပွါးသည်ကိုတိတိကျကျမသိရသေးသော်လည်းည ၁၀ နာရီကျော်ကျော်တွင်မူပစ်ခတ်သံများရပ်စဲသွားပြီဖြစ်ကြောင်းလည်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်းမူစယ်မြို့နယ်အတွင်းပြီးခဲ့သည့်နိုဝင်ဘာ၂၀ရက်နေ့ကမြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့်အစိုးရတပ်မတော်အကြားတိုက်ပွဲများဖြစ်ပွါးခဲပြီးနောက်၂ဘက်တပ်မှစစ်ရေးတင်းမာမှုများဆက်လက်ရှိနေရာအစိုးရဘက်မှအင်အားဖြည့်တင်းမှုများအဆက်မပြတ်ရှိခဲ့ကြောင်းလည်းမူစယ်မြို့ခံများပြောပြချက်အရသိရပါသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
မူစယ်မြို့ နမ့်ပေါ့တံတားအနီး ပစ်ခတ်မှုဖြစ်ပွါး မူစယ်မြို့ နမ့်ပေါ့တံတားအနီး ပစ်ခတ်မှုဖြစ်ပွါး Reviewed by THITHTOOLWIN on 00:59 Rating: 5
Powered by Blogger.