မလေးရှားကိုနိုင်ပြီး မြန်မာဆီမီးဖိုင်နယ်တက်

မြန်မာအသင်းကို အားပေးနေသည့် ပရိသတ်များ (ဓါတ်ပုံ - မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)
၂၀၁၆ အာဆီယံ ဆူဇူကီဖလားဘောလုံးပွဲမှာတော့ အိမ်ရှင် မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ အနိုင်ရပြီးတော့ ဆီမီးဖိုင်နယ်ကို တက်သွားပြီဖြစ်ပါတယ်။ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ မြန်မာအသင်း နဲ့ မလေးရှားအသင်းတို့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် နဲ့ ဒီကနေ့ ညနေက ကစားကြတာမှာ မြန်မာအသင်းက မလေးရှားအသင်းကို ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားခဲ့တာဖြစ် ပါတယ်။ မြန်မာအသင်း အတွက် ၁ လုံးတည်းသောအနိုင်ဂိုးကိုတော့ မြန်မာကွင်းလယ်လူ ဒေးဗစ်ထန်းက ပွဲပြီးခါနီး မိနစ် ၉၀ အရောက်မှာ ပယ်နယ်တီဧရိယာအစပ်ကနေ ဘယ်ခြေ နဲ့ ကန်သွင်း သွားခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်း အနိုင်ဂိုးသွင်းခဲ့သည့် ဒေးဗစ်ထန်း
ဒီပွဲမှာ မြန်မာအသင်းဟာ ပထမပိုင်းမှာ ဂိုးသွင်းခွင့်တွေ အများအပြားရခဲ့ပြီး ဂိုးတိုင် ထိထွက်ခဲ့တာကြောင့် ဂိုးမရခဲ့သလို၊ ပထမပိုင်းမှာ ပယ်နယ်တီတလုံးရတာကို မလေးရှား ဂိုးသမား ကာကွယ်သွားခဲ့လို့ ဂိုးမရခဲ့ပါဘူး။ မြန်မာအသင်းဟာ ဒီပွဲနိုင် လိုက်တဲ့အတွက် ၂ ပွဲ နိုင် ၆ မှတ် နဲ့ ဆီမီးဖိုင်နယ်ကို တက်သွားခဲ့ပါတယ်။
ဒါ့အပြင် ဗီယက်နမ်အသင်းကလည်း ကမ္ဘောဒီးယားအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင် သွား တာကြောင့် ဗီယက်နမ်အသင်းက အုပ်စုဗိုလ်အနေနဲ့ ဆီမီးဖိုင်နယ်ကို တက် သွား ခဲ့ပြီး ၊ မြန်မာအသင်းကတော့ အုပ်စု ဒုတိယနဲ့ ဆီမီးဖိုင်နယ် တက်သွား ပါတယ်။

မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်မှာတော့ ထိုင်းအသင်း နဲ့ တွေ့မှာဖြစ်ပြီး၊ ဗီယက်နမ် နဲ့ အင်ဒိုနီးရှားတို့တွေ့မှာပါ။ ဆီမီးဖိုင်နယ်ကိုတော့ ပထမအကျော့၊ ဒုတိယအကျော့ ၂ ပွဲ ကစားရမှာဖြစ်ပြီး၊ ပထမအကျော့ကိုတော့ ဒီဇင်ဘာ ၃ ရက် နဲ့ ၄ ရက်နေ့တွေမှာ ကစားရမှာဖြစ်ပြီး၊ ဒုတိယအကျော့ကိုတော့ ဒီဇင်ဘာ ၇ ရက် နဲ့ ၈ ရက်နေ့တွေမှာ ကစား ရမှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့မှာတော့ မြန်မာအသင်းက ထိုင်း မြန်မာ နိုင်ငံမှာ ပထမအကျော့ ကစားမှာဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/
မလေးရှားကိုနိုင်ပြီး မြန်မာဆီမီးဖိုင်နယ်တက် မလေးရှားကိုနိုင်ပြီး မြန်မာဆီမီးဖိုင်နယ်တက် Reviewed by THITHTOOLWIN on 23:52 Rating: 5
Powered by Blogger.