မွေးကင်းစကလေးငယ်အား ချောင်းထဲစွန့်ပစ်သည့် မိခင်ကို အမှုဖွင့်


မုံရွာ၊ နိုဝင်ဘာ ၁၂။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ လက်မထောင်းကျေးရွာအနီး စောမဲချောင်းအတွင်း မွေးကင်းစကလေးငယ်အား ချောင်းထဲစွန့်ပစ်ခဲ့သော မိခင်အား ရဲတပ်ဖွဲ့မှ အမှုဖွင့်ထားပြီး ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း ရေဦးမြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။

၎င်းကလေးငယ်အလောင်းအား စောမဲချောင်းနံဘေးတွင် နိုဝင်ဘာ ၉ရက်နေ့က တွေ့ရသဖြင့် ကျေးရွာမှ တာဝန်ရှိသူက ရဲတပ်ဖွဲ့သို့ အကြောင်းကြားပြီး စုံစမ်းစစ်ဆေးခဲ့သည်။

ကလေးငယ်မှာ မွေးကင်းစ မိန်းကလေး တစ်ဦးဖြစ်ပြီး
ရွာထဲရှိ လတ်တလော မီးနေသည်အမျိုးသမီးများအား လိုက်လံစစ်ဆေးရာ လက်မထောင်းရွာနေ အသက် ၁၉နှစ်အရွယ် မိန်းကလေးတစ်ဦးမှ တိတ်တဆိတ် မွေးဖွားပြီး စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိခဲ့ရသည်။

၎င်းအမှုကို နယ်မြေပိုင် ရေဦးမြို့နယ် တင်းတိမ်ရန် စခန်းမှ ရာဇသတ်ကြီး ပုဒ် ၃၁၈ အ၇ အမှုဖွင့်၍ ဒုရဲအုပ် အောင်ဝင်းသန်းမှ တရားခံဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar
မွေးကင်းစကလေးငယ်အား ချောင်းထဲစွန့်ပစ်သည့် မိခင်ကို အမှုဖွင့် မွေးကင်းစကလေးငယ်အား ချောင်းထဲစွန့်ပစ်သည့် မိခင်ကို အမှုဖွင့် Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.