မြန်မာနိုင်ငံသားတစ်ဦးအား ပါးရိုက်သဖြင့် အိန္ဒိယနိုင်ငံ အာသံရိုင်ဖယ်တပ်ရင်းအား ကန့်ကွက်စာပို့မည်


မုံရွာ၊ နိုဝင်ဘာ ၅။

အိန္ဒိယ-မြန်မာနယ်စပ် နယ်နမိတ်ကျောက်တိုင်အနီး အလုပ်လုပ်နေသော တမူးခရိုင်၊ မင်းသာရွာရှိ တောင်သူအား အိန္ဒိယနိုင်ငံ မိုးရေးမြို့ဘက်မှ လက်နက်ကိုင်လူတစ်စုက နိုဝင်ဘာ ၃ရက်နေ့တွင် အကြောင်းမဲ့ ပါးလာရိုက်ခဲ့မှုကြောင့် ခမရ(၂၆၉) တပ်ရင်းမှ ကန့်ကွက်စာ ပို့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းနေ့က ပျောက်ကြားဝတ်စုံနှင့် လက်နက်ကိုင် လူတစ်စုသည် နယ်နမိတ်ကျောက်တိုင် အမှတ် ဘီပီ-၈၈အနီး လယ်လုပ်နေသော တောင်သူအား လူနာမည်တစ်ခု ပြော၍ ပါးရိုက်သဖြင့် ၄င်းတောင်သူမှ ခမရ(၂၆၉) လှုပ်ရှားတပ်စခန်းသို့သတင်းပို့ တိုင်ကြားခဲ့သည်။

နှစ်နိုင်ငံတပ်စခန်းအဆင့် ဆွေးနွေးပွဲ၌ အမှတ် ၁၁ အာသံရိုင်ဖယ်တပ်ရင်းကို ကန့်ကွက်စာပို့သွားမည်ဖြစ်ပြီး နယ်စပ်လုံခြုံရေးအား အရှိန်မြှုင့်ဆောင်ရွက်နေကြောင်း သိရသည်။

အောက်တိုဘာ ၄ ရက်နေ့ကလည်း တမူးမြို့တွင်းရှိ လူတစ်ဦးအား အိန္ဒိယဘက်မှ လူတစ်ဦးက ဆိုင်ကယ်စီးနင်း၍ သေနတ်ဖြင့်ပစ်ခြင်း၊ အိန္ဒိယနိုင်ငံ မိုးရေးဘက်သို့ အလုပ်သွားလုပ်သူအား နယ်စပ် ဂိတ်စောင့်ရဲမှ ထိုင်ထလုပ်ခိုင်း၍ သေနတ်ဒင်ဖြင့်ထုခြင်းတို့ကြောင့် တမူးခရိုင်ရဲတပ်ဖွဲ့မှ တစ်ဖက်နိုင်ငံမှ တာဝန်ရှိသူများထံ ကန့်ကွက်စာ ပို့ခဲ့ကြောင်း သိရသည်။

Central News Myanmar
https://www.facebook.com/CNMyanmar
မြန်မာနိုင်ငံသားတစ်ဦးအား ပါးရိုက်သဖြင့် အိန္ဒိယနိုင်ငံ အာသံရိုင်ဖယ်တပ်ရင်းအား ကန့်ကွက်စာပို့မည် မြန်မာနိုင်ငံသားတစ်ဦးအား ပါးရိုက်သဖြင့် အိန္ဒိယနိုင်ငံ အာသံရိုင်ဖယ်တပ်ရင်းအား ကန့်ကွက်စာပို့မည် Reviewed by THITHTOOLWIN on 22:37 Rating: 5
Powered by Blogger.