ဒဂုံအရှေ့တွင် ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှု တရားခံမသိရသေး

ကလေးငယ်၏ အဘွားနှင့် ဖခင်ဖြစ်သူတို့အား ယနေ့ တွေ့ရစဉ်
ရန်ကုန်၊ နိုဝင်ဘာ၈

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံအရှေ့မြို့နယ်၊ ၉ရပ်ကွက် မိုးဟိန်းလမ်းရှိ နေအိမ်တစ်အိမ်ဘေး၌ အသက်လေးနှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သော သက်ငယ်မုဒိမ်းမှုတွင် တရားခံမှာ မည်သူမှန်း မသိရှိသေးကြောင်း ကာယကံရှင်မိသားစုများထံမှ ယနေ့ (နိုဝင်ဘာ၈ရက်)တွင် သိရသည်။

''တရားခံကို မြန်မြန်မိစေချင်ပါတယ်။ ဒီလိုမဟုတ်ရင် တခြားကလေးတွေကိုလည်း လိုက်ကျူးလွန်နေမှာပဲ။''ဟု ဖခင်ဖြစ်သူ ကိုရဲထွန်းက ပြောသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ၂ရက် ၊ နံနက်၂နာရီခွဲအချိန်က မိဘများနှင့်အတူ အိပ်နေသော ကလေးငယ် မ--- ၄နှစ်အား တရားခံက မချီသွားကာ အိမ်ဘေးရှိ မြေကွက်လပ်တွင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ၊ ၄င်းအား မည်သူမည်ဝါမှန်း မသိအောင် မျက်နှာနှင့် ပါးစပ်တို့အား အုပ်ထားခဲ့ကြောင်း၊ ကလေးမှာ နာတယ်ဟု အော်ငိုရာမှ မိဘများ သိရပြီး ကလေးမှာ သွေးများသွန်သောကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ကလေးငယ်၏ အဘွားဖြစ်သူက ဆိုသည်။

''ကလေးကို ကျွန်တော် မြောက်ဥက္ကလာပဆေးရုံ သွားတွေ့တော့ ဗိုက်ဖောက်ထားရပြီး အူကို အပြင်ထုတ်ထားရတယ်။ အခု နိုဝင်ဘာ၈ရက်နေ့လည်းကျရော ဆေးရုံကဆင်းလို့ အိမ်ပြန်ရောက်နေတယ်လို့ သိရတယ်။ ကလေးကို ကူညီသွားမှာပါ။''ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဆိုသည်။

လက်ရှိတွင် အဓမ္မပြုကျင့်ခံရသော ကလေးငယ်၏ ဖခင်တွင်ပါသော မယားပါသားနှင့် သူငယ်ချင်း၂ဦးအား မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးနေပြီး ၄င်းအမှုကို ဒဂုံအရှေ့ရဲစခန်းက ပ/၁၃၁၈၁၆ ရာဇသတ်ကြီးပုဒ်မ ၄၅၆/၃၅၄/၃၂၅တို့ဖြင့် အမှုဖွင့်ထားသည်။

MTH
SKY Land News & Entertainment Media
https://www.facebook.com/skyland.news

ဒဂုံအရှေ့တွင် ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှု တရားခံမသိရသေး  ဒဂုံအရှေ့တွင် ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှု တရားခံမသိရသေး Reviewed by THITHTOOLWIN on 22:46 Rating: 5
Powered by Blogger.