တာမိုးညဲမြို့နယ်ခွဲ ရပ်ကွက်(၅)တွင် ပေါက်ကွဲမှုဖြစ်ပွား၊ နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရရှိ


နေပြည်တော်၊ နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တာမိုးညဲမြို့နယ်ခွဲ၊ ရပ်ကွက်(၅)၌ နိုဝင်ဘာ ၁၂ ရက် ညနေ ၅ နာရီ မိနစ် ၄၀ ခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ အဆိုပါရပ်ကွက်အတွင်း သံတိုသံစ အရောင်းအ၀ယ်လုပ်ကိုင်သူ ဦးရင်ဟိုပင်နှင့် သုံးဦးသည် ဆာလာအိတ်ဖြင့်ထုပ်ထားသည့် သံတိုသံစ များအား မော်တော်ယာဉ်ပေါ်သို့ တင်ဆောင်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ဦးရင်ဟိုပင်(ဘ)ဦးရင်ဖျင်ချမ်းနှင့် သားဖြစ်သူ မောင်ရင်ကွယ်ထိုက်(ခ) မင်းထက်အောင် တို့သည် ဖြစ်စဉ်နေရာ၌ပင်သေဆုံးခဲ့ပြီး မောင်စိုးသီဟ(ဘ)ဦးအေးဝင်းနှင့် ရဲအောင်(ခ) ပေါက်ကြီး(ဘ)ဦးလှဝင်းတို့သည် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသည်။

 သေဆုံးသူနှစ်ဦးနှင့် ဒဏ်ရာရရှိသူနှစ်ဦးတို့အား တာမိုးညဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ အသေး စိတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
တာမိုးညဲမြို့နယ်ခွဲ ရပ်ကွက်(၅)တွင် ပေါက်ကွဲမှုဖြစ်ပွား၊ နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရရှိ တာမိုးညဲမြို့နယ်ခွဲ ရပ်ကွက်(၅)တွင် ပေါက်ကွဲမှုဖြစ်ပွား၊ နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 10:14 Rating: 5
Powered by Blogger.