နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် စင်ကာပူနိုင်ငံသို့ တရားဝင်ခရီးစဉ်စတင်


(၃၀-၁၁-၂၀၁၆ ရက်နေ့ ၊ ရန်ကုန်မြို့)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း၏ ဖိတ်ကြားချက်အရ စင်ကာပူသမ္မတနိုင်ငံသို့ ၃၀-၁၁-၂၀၁၆ ရက်နေ့မှ ၂-၁၂-၂၀၁၆ ရက်နေ့အထိ တရားဝင်ခရီးစဉ်သွားရောက်ရန်အတွက် ယနေ့ ၀၈း၁၅ နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူလေကြောင်းဖြင့် ထွက်ခွာသွားပါသည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြောင်းသိရှိရပါသည်။

Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanmar/
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် စင်ကာပူနိုင်ငံသို့ တရားဝင်ခရီးစဉ်စတင်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် စင်ကာပူနိုင်ငံသို့ တရားဝင်ခရီးစဉ်စတင် Reviewed by THITHTOOLWIN on 09:56 Rating: 5
Powered by Blogger.