အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများက မီးရှို့မှုကြောင့် ၀ါးပိတ်ကျေးရွာတွင် နေအိမ် ၈၀ လုံးခန့် မီးလောင် ပျက်စီး


နေပြည်တော်၊ နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ ၀ါးပိတ်ကျေးရွာအတွင်းသို့ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၁၀ ဦးခန့် ၀င်ရောက်လာကြောင်း သတင်းအရ ယနေ့ ညနေ ၄ နာရီ မိနစ် ၅၀ တွင် တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်းရာ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများသည် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးပြီး ဇင်ပိုင်ညာကျေးရွာဘက်သို့ ထွက်ပြေးသွားသဖြင့် တပ်မတော်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီခန့်တွင် မီးညွန့်ကျိုးသွားခဲ့သည်။

မီးလောင်မှုကြောင့် အိမ် ၈၀ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါအကြမ်းဖက်စီးနင်း တိုက်ခိုက်သူများသည် တပ်မတော်နှင့်နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့အား အများပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် ပြည်ပအဖွဲ့အစည်းများထံမှ အကူအညီ အထောက်အပံ့များရရှိစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများက မီးရှို့မှုကြောင့် ၀ါးပိတ်ကျေးရွာတွင် နေအိမ် ၈၀ လုံးခန့် မီးလောင် ပျက်စီး  အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများက မီးရှို့မှုကြောင့် ၀ါးပိတ်ကျေးရွာတွင် နေအိမ် ၈၀ လုံးခန့် မီးလောင် ပျက်စီး Reviewed by THITHTOOLWIN on 09:42 Rating: 5
Powered by Blogger.