ကွတ်ခိုင်မြို့နယ်၊ မန်ဆာကျေးရွာနေ တောင်ယာလုပ်ကိုင်သူ တစ်ဦး သေနတ်ထိမှန်

အပြစ်မဲ့ပြည်သူတစ်ဦး သေနတ်ဒဏ်ရာ ရရှိ၍ ဆေးကုသမှုခံယူ
နိုဝင်ဘာ ၂၃၊ ၂၀၁၆

KIA/TNLA/MNDAA လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၂၃ရက် မနက် ၁၀နာရီ ၁၅မိနစ်တွင် လာရှိုး ပြည်သူ့ ဆေးရုံသို့ သေနတ်ဒဏ်ရာဖြင့် အပြစ်မဲ့ပြည်သူတစ်ဦး ရောက်ရှိလာသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၂ရက် မွန်းလွဲ ၂နာရီတွင် ကွတ်ခိုင်မြို့နယ်၊ မန်ဆာကျေးရွာနေ တောင်ယာလုပ်ကိုင်သည့် ဦးရန်ဖာဝမ် ၄၃နှစ် သည် လက်ဖက်ခြံမှ ဆိုင်ကယ်ဖြင့် မုံးစီး-မုံးဟောင်လမ်းအတိုင်း ပြန်လာခဲ့သည်။


ထိုသို့ ပြန်လာစဉ် မန်ဆာကျေးရွာအနီး KIA/TNLA/MNDAA လက်နက်ကိုင် အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ၀ဲခြေသလုံးတွင် သေနတ်ကျည်ထိမှန် ခဲ့ပြီး လားရှိုး ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
ကွတ်ခိုင်မြို့နယ်၊ မန်ဆာကျေးရွာနေ တောင်ယာလုပ်ကိုင်သူ တစ်ဦး သေနတ်ထိမှန်  ကွတ်ခိုင်မြို့နယ်၊ မန်ဆာကျေးရွာနေ တောင်ယာလုပ်ကိုင်သူ တစ်ဦး သေနတ်ထိမှန် Reviewed by THITHTOOLWIN on 19:04 Rating: 5
Powered by Blogger.