မုံးကိုးမြို့ရှိ မုံးကိုးကာကင်းစခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရ

အကြမ်းဖက်သောင်းကျန်းသူများက ကွတ်ခိုင်မြို့နှင့် မုံးကိုးမြို့ရှိ မုံးကိုးကာကင်းစခန်းအား လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်
နေပြည်တော်၊ နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ ကွတ်ခိုင်မြို့အထွက်ရှိ အိုရီယမ်တယ်တိုးဂိတ်အား ယနေ့နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် KIA/TNLA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ၂ ချက် လာရောက်ပစ်ခတ်ခဲ့သဖြင့် နယ်မြေခံတပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူပစ်ခတ်မှု ရပ်တန့်သွားခဲ့သည်။ ဖြစ်စဉ်တွင် လူနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် ရန်သူပစ်ခတ် ခဲ့သည့် ဗုံးသီးများသည် တိုးဂိတ်၏ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာ ၂၉ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်ကလည်း မုံးကိုးမြို့ရှိ မုံးကိုးကာကင်းစခန်းအား KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အင်အား ၃၀ ဦးခန့်က လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ တပ်မတော်စစ်ကြောင်းများက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရန်သူပစ်ခတ်မှုရပ်တန့်သွားခဲ့သည်။ ဖြစ်စဉ်တွင် တပ်မတော်မှ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်များဖြစ်ပွားခဲ့သည့်နေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
မုံးကိုးမြို့ရှိ မုံးကိုးကာကင်းစခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရ မုံးကိုးမြို့ရှိ မုံးကိုးကာကင်းစခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 17:09 Rating: 5
Powered by Blogger.