၆၆ ဃ ကို ဘ၀င်မကျကြောင်း ၀န်ကြီးပြော

( ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်ကို နိုဝင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ် ) Photo: Win Ko Ko Latt/ RFA 
လက်ရှိကျင့်သုံးနေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ကို ဘ၀င်မကျဘူးလို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးမှာ သတင်းထောက်အချို့ရဲ့မေးမြန်းမှုကို ၀န်ကြီးဦးသန့်စင်မောင်က အဲဒီလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ မှာ မည်သူမဆို ဆက်သွယ်ရေး ကွန်ယက် တစ်ခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက် ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြုလုပ်လျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပါရှိပါတယ်။

အဲဒီဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ဖို့ သူရဦးရွှေမန်းဥက္ကဌအဖြစ်ဆောင်ရွက်တဲ့ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကလည်း လေ့လာသုံးသပ်နေတယ်လို့သိရပါတယ်။ လက်ရှိမှာ ၆၆ ဃနဲ့ အရေးယူခံထားရသူ ၂၅ ယောက် လောက်ရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ