မသင်္ကာဖွယ် ပါဂျဲရိုးယာဉ်မောင်းအား ဖမ်းဆီးရမိ


နိုဝင်ဘာ ၂၅ ၊ ၂၀၁၆

မူဆယ်မြို့နယ် (၁၀၅)မိုင် ကုန်သွယ်ရေးစခန်း ဂိတ် (၄)ရှေ့သို့ နိုဝင်ဘာ ၂၄ ရက် နံနက် ၇ နာရီတွင် ခေါက်တုံ့ခေါက်ပြန် ဖြတ်သန်းနေသော မသင်္ကာဖွယ် ပါဂျဲရိုး ယာဉ် ၃ စီးတွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရန် တားဆီးစဉ် ရပ်တန့်ပေးခြင်းမရှိသဖြင့် ပစ်ခတ်တားဆီးခဲ့ရာ ပန်ဆိုင်းမောင်းတံဂိတ်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။

ထို့နောက် နံနက် ၁၀ နာရီခွဲတွင် မူဆယ်ပြည်သူ့ဆေးရုံကြီးသို့ ယာဘက်ပုခုံး ကျည်ထိမှန်ဒဏ်ရာ (၁) ချက်ဖြင့် တက်ရောက်ဆေးကုသနေသည့် နမ့်ဟွယ်ကျေးရွာနေ စံအေး (၂၄) နှစ်အား တာဝန်ရှိသူများက မေးမြန်းရာ နံနက်ပိုင်းက (၁၀၅) မိုင် ကုန်သွယ်ရေးစခန်း ဂိတ် (၄) တွင် တားဆီးစဉ် မောင်းနှင်ထွက်ပြေးခဲ့သည့် ပါဂျဲရိုးယာဉ်၏ ယာဉ်မောင်းဖြစ်ကြောင်း စစ်ဆေးသိရှိပြီး လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်ပတ်သက်ခြင်း ရှိ/မရှိ စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
https://www.facebook.com/SCOInfoC/
မသင်္ကာဖွယ် ပါဂျဲရိုးယာဉ်မောင်းအား ဖမ်းဆီးရမိ မသင်္ကာဖွယ် ပါဂျဲရိုးယာဉ်မောင်းအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.