ဗီယက်နမ်တွင် ကာရာအိုကေခန်း မီးလောင်မှုကြောင့် ၁၃ဦးသေဆုံး


ဟနွိုင်း၊ နိုဝင်ဘာ ၂ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမြို့တွင် နိုဝင်ဘာ၁ရက် နေ့လည်ပိုင်းက ကာရာအိုကေခန်းတစ်ခု တွင် အကြီးစားမီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၃ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပြည်တွင်းမီးသတ် နှင့်ကယ်ဆယ်ရေး ရဲဋ္ဌာန ကပြောကြားခဲ့သည်။

ကာရာအိုကေဆိုင် က စတင်ခဲ့သည့် မီးလောင်မှု သည် အနီးရှိ နေအိမ်များသို့ လျင်မြန်စွာကူးစက် ပျံ့နှံ့ခဲ့ပြီး ယင်းမီးလောင်မှုအား ဒေသစံတော်ချိန် နေ့လည် ၂နာရီတွင် စတင်သိရှိခဲ့ကာ ၇နာရီကြာ အထိ ဆက်လက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် ရှစ်ထပ်တိုက် လေးလုံး အပြင် မော်တော်ဆိုင်ကယ်နှင့်ကားများ ပျက်စီးခဲ့ကြောင်း သိရသည်။

China Xinhua News
ဗီယက်နမ်တွင် ကာရာအိုကေခန်း မီးလောင်မှုကြောင့် ၁၃ဦးသေဆုံး ဗီယက်နမ်တွင် ကာရာအိုကေခန်း မီးလောင်မှုကြောင့် ၁၃ဦးသေဆုံး Reviewed by THITHTOOLWIN on 15:48 Rating: 5
Powered by Blogger.