ထားဝယ်မြို့ မောင်းမကန် ကမ်းခြေ တစ်ဝိုက်၌ ဟိုတယ်ဇုန် ဖော်ဆောင်ရန် လျာထား


ထားဝယ် နိုဝင်ဘာ ၁၅

တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့၌ ဆောက်လုပ်မည့် ဟိုတယ်ဇုန်ကို မောင်းမကန် ကမ်း ခြေ ဧရိယာ တစ်ဝိုက်တွင် ဖော်ဆောင်ရန် လျာထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သိရသည်။ ဟိုတယ်ဇုန် တည်ဆောက်ရာတွင် ကမ်းခြေ၌ ဟိုတယ်များ ပြန့်ကျဲမနေ ဘဲ မောင်းမကန် ကမ်းခြေအနီး တစ်ဝိုက်၌ သီးသန့်ထားရှိရန် တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရည်မှန်းထားပြီး နောက်ပိုင်းတွင် မောင်းမကန် ကျေးရွာ တစ်ဝိုက်ကို မြို့ပြ အစီ အစဉ် ရေးဆွဲကာ ဖော်ဆောင် သွားရန် ရှိကြောင်း တနင်္သာရီ တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

အဆိုပါ မြို့ပြ အစီအစဉ် ရေးဆွဲရာတွင် ဒေသခံများ၏ အခွင့်အရေးနှင့် လိုအပ်ချက်များကိုလည်း ဦးစားပေး စေလိုကြောင်း မောင်းမကန် ဒေသခံ တစ်ဦးက ပြောသည်။ မောင်း မကန် ဒေသ တစ်ဝိုက်သည် သစ်တောမြေ ဧရိယာမှ မပယ်ဖျက် ရသေးသော မြေများ ရှိသည့် အပြင် ပယ်ဖျက်ပြီးသည့် မြေတချို့၌လည်း မြေဂရန် မရရှိ သေးသူများ ရှိနေသောကြောင့် ယင်းအစီ အစဉ်ကို အကောင်အထည်ဖော်ရန် ကျေးရွာနှင့် အိုးအိမ် ဦးစီးဌာနနှင့် ဆက်စပ် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia
ထားဝယ်မြို့ မောင်းမကန် ကမ်းခြေ တစ်ဝိုက်၌ ဟိုတယ်ဇုန် ဖော်ဆောင်ရန် လျာထား ထားဝယ်မြို့ မောင်းမကန် ကမ်းခြေ တစ်ဝိုက်၌ ဟိုတယ်ဇုန် ဖော်ဆောင်ရန် လျာထား Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.