ဘရာဇီးနိုင်ငံ၌ ယာဉ်မတော်တဆမှုဖြစ်ပွား ၂ဝ ဦးသေ

ဘရာဇီးနိုင်ငံ၌ ကားနှစ်စီးခေါင်းချင်းဆိုင်တိုက်မိသော မြင်ကွင်းအားတွေ့ ရစဉ် (ဆင်ဟွာ)
    ဆာအိုပေါ်လို ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

    ဘရာဇီးနိုင်ငံ ပါရာနာမြို့ အဝေးပြေးလမ်းပေါ်၌ အောက်တိုဘာလ ၃၁ ရက်က ယာဉ်မတော်တဆမှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၂ဝ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြသည်။

Cafezal do Sol အဝေးပြေးလမ်း အမှတ် PR-၃၂၃ တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီး နှင့် ထရပ်ကားတစ်စီးတို့ ခေါင်းချင်းဆိုင် တိုက်မိခဲ့ရာ လူ ၁၉ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

အခင်းဖြစ်နေရာတွင် ဒဏ်ရာရခဲ့သော အမျိုးသမီးငယ်တစ်ဦးအား ဆေးရုံသို့ ပို့ ဆောင်ပေးစဉ် လမ်းခရီး၌ သေဆုံးသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ က ဆိုသည်။

အခင်းဖြစ် ဘတ်စ်ကားတွင် ခရီးသည် ၃ဝ ဦးလိုက်ပါ လာကြောင်း နှင့် ဒဏ်ရာရရှိထားသူအချို့ အား ဆေးရုံသို့ ပို့ ဆောင်ထားကြောင်း သတင်းများက ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
ဘရာဇီးနိုင်ငံ၌ ယာဉ်မတော်တဆမှုဖြစ်ပွား ၂ဝ ဦးသေ  ဘရာဇီးနိုင်ငံ၌ ယာဉ်မတော်တဆမှုဖြစ်ပွား ၂ဝ ဦးသေ Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.