ကျီးကန်းပြင်ရဲစခန်း အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ ၁၁ ဦး ထပ်မံဖမ်းဆီးရမိ



နိုဝင်ဘာ ၂၅၊ ၂၀၁၆

လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ကျီးကန်းပြင်ရဲစခန်းအား အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သည်ဟု သံသယရှိသူ အာယုအပါဝင် ၄ ဦးအား နိုဝင်ဘာ ၂၄ ရက် နံနက် ၈ နာရီခန့်တွင် မောင်နှမကျေးရွာမှ လည်းကောင်း၊ ဟာဘီအူလာ အပါအဝင် ၇ ဦးအား နံနက် ၁၀ နာရီခန့်တွင် ဂူတာပြင်ကျေးရွာမှ လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 ဖမ်းဆီးရမိသူများအား လုပ်ထုံး လုပ်နည်းနှင့်အညီ သက်ဆိုင်ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်ထားကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
ကျီးကန်းပြင်ရဲစခန်း အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ ၁၁ ဦး ထပ်မံဖမ်းဆီးရမိ  ကျီးကန်းပြင်ရဲစခန်း အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ ၁၁ ဦး ထပ်မံဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 13:08 Rating: 5
Powered by Blogger.