မူဆယ်မြို့နယ် မုန်းပေါ်ကျေးရွာနေ အမျိုးသမီးတစ်ဦး ပြောင်းဖူး ချိုးနေစဉ် သေနတ်ပစ်ခတ်ခံရ

KIA/TNLA အဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး သေနတ်ဒဏ်ရာရ

နိုဝင်ဘာ ၂၇၊ ၂၀၁၆

KIA/TNLA လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၂၆ ရက် နံနက် ၆ နာရီခန့်က အပြစ်မဲ့ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

မူဆယ်မြို့နယ် မုန်းပေါ်ကျေးရွာနေ မနန်းဖုန်းသည် နိုဝင်ဘာလ ၂၆ ရက် နံနက် ၆ နာရီခန့်တွင် မုန်းပေါ်ကျေးရွာအနီး ပြောင်းခြံ တွင် ပြောင်းဖူး ချိုးနေစဉ် KIA/TNLA လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဝမ်းဗိုက်တွင် သေနတ်ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။

ဒဏ်ရာရရှိသူ မနန်းဖုန်းသည် မူဆယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သတင်းရရှိသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/SCOInfoC/
မူဆယ်မြို့နယ် မုန်းပေါ်ကျေးရွာနေ အမျိုးသမီးတစ်ဦး ပြောင်းဖူး ချိုးနေစဉ် သေနတ်ပစ်ခတ်ခံရ  မူဆယ်မြို့နယ် မုန်းပေါ်ကျေးရွာနေ အမျိုးသမီးတစ်ဦး  ပြောင်းဖူး ချိုးနေစဉ် သေနတ်ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.