မောင်တောမြို့နယ် အတွင်းမှ မသင်္ကာဖွယ် ဘင်္ဂလီလူမျိုး ၂ ဦး ထပ်မံ ဖမ်းဆီးရမိ


နေပြည်တော် နိုဝင်ဘာ ၇

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီခန့်တွင် ဖားဝပ်ချာင်းကျေးရွာ(ရွာဟောင်း)သို့ သွားရောက် စုံစမ်း ရှာဖွေစဉ် ၎င်းကျေးရွာနေ မသင်္ကာဖွယ် ဘင်္ဂါလီ ဖောရာအာမတ် (ဘ) မာမတ်ရှောဖီနှင့် မာမတ် တာဟဲ(ဘ)ဆာလောင်အာမတ် တို့နှစ်ဦးအား ထပ်မံ ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိသူ ဘင်္ဂါလီ ၂ ဦးအား တရားဥပဒေနှင့်အညီ အရေး ယူ ဆောင်ရွက်နိုင်ရေး အတွက် မောင်တောမြို့ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

(မြ၀တီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မောင်တောမြို့နယ် အတွင်းမှ မသင်္ကာဖွယ် ဘင်္ဂလီလူမျိုး ၂ ဦး ထပ်မံ ဖမ်းဆီးရမိ   မောင်တောမြို့နယ် အတွင်းမှ မသင်္ကာဖွယ် ဘင်္ဂလီလူမျိုး ၂ ဦး ထပ်မံ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 06:47 Rating: 5
Powered by Blogger.