ဂျပန်က မြန်မာနိုင်ငံကို ဒေါ်လာ ၇.၇၃ ဘီလီယံ ကူညီမည်


မြန်မာနိုင်ငံဖွံ့တိုးတက်ရေးအတွတ် ဂျပန်နိုင်ငံက ငါးနှစ်အတွင်း ထောက်ပံ့ငွေ ဒေါ်လာ ၇.၇၃ ဘီလီယံ ပေးအပ်သွားမည်ဖြစ်ကြောင်း ယနေ့(နိုဝင်ဘာ ၂)တွင် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ပြောကြားလိုက်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမှုအပြီးပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်အစိုးရ၏ဖိတ်ကြားချက်အရ နိုဝင်ဘာ ၁ ရက်နေ့မှစ၍ ဂျပန်နိုင်ငံသို့ ၅ရက်တာခရီး ရောက်ရှိနေခြင်းဖြစ်သည်။

ယခု ခရီးစဉ်တွင် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပြီး၊အထူးသဖြင့် မြန်မာနိုင်ငံအတွတ် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန်ဖြစ်ကြောင်း သိရသည်။

Ref;reuters
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ဂျပန်က မြန်မာနိုင်ငံကို ဒေါ်လာ ၇.၇၃ ဘီလီယံ ကူညီမည် ဂျပန်က မြန်မာနိုင်ငံကို ဒေါ်လာ ၇.၇၃ ဘီလီယံ ကူညီမည် Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.