ဂျပန်က မြန်မာနိုင်ငံကို ဒေါ်လာ ၇.၇၃ ဘီလီယံ ကူညီမည်


မြန်မာနိုင်ငံဖွံ့တိုးတက်ရေးအတွတ် ဂျပန်နိုင်ငံက ငါးနှစ်အတွင်း ထောက်ပံ့ငွေ ဒေါ်လာ ၇.၇၃ ဘီလီယံ ပေးအပ်သွားမည်ဖြစ်ကြောင်း ယနေ့(နိုဝင်ဘာ ၂)တွင် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ပြောကြားလိုက်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမှုအပြီးပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်အစိုးရ၏ဖိတ်ကြားချက်အရ နိုဝင်ဘာ ၁ ရက်နေ့မှစ၍ ဂျပန်နိုင်ငံသို့ ၅ရက်တာခရီး ရောက်ရှိနေခြင်းဖြစ်သည်။

ယခု ခရီးစဉ်တွင် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပြီး၊အထူးသဖြင့် မြန်မာနိုင်ငံအတွတ် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန်ဖြစ်ကြောင်း သိရသည်။

Ref;reuters
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ