အမြန်လမ်း ၁၅၁ မိုင်တွင် ဟိုင်းလပ်ယာဉ်တစ်စီး တိမ်းမှောက်မီးလောင်



၁၈.၁၁.၂၀၁၆ နံနက် ၇ နာရီခန့် က ရန်ကုန် - မန္တလေး အမြန်လမ်း ၁၅၁ မိုင်တွင် ဟိုင်းလပ်ယာဉ်တစ်စီး တိမ်းမှောက် မီးလောင်သွားပါသည်။ ယာဉ်မောင်းဖြစ်သူမှာ ကားခေါင်း အတွင်းညှပ်မိ၍ ဆွဲထုတ်မရပဲ မီးလောင်ကျွမ်း သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည်များအနက် ၈ ဦး ဒဏ်ရာရရှိ သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်ပေါ်မှာ ခရီးသည် အမျိုးသမီး ၆ဦး၊ အမျိုးသား ၁ဦး၊ ကလေး ၈ယောက်နှင့်အတူ တောင်ငူမှ နေပြည်တော်ဘက်သို့  နံနက် ၆ နာရီစတင် ထွက်လာခဲ့ပြီး မနက် ၇ နာရီခန့် က မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

ဓါတ်ပုံ ။  ။ Htun Aye


အမြန်လမ်း ၁၅၁ မိုင်တွင် ဟိုင်းလပ်ယာဉ်တစ်စီး တိမ်းမှောက်မီးလောင်  အမြန်လမ်း ၁၅၁ မိုင်တွင် ဟိုင်းလပ်ယာဉ်တစ်စီး တိမ်းမှောက်မီးလောင် Reviewed by THITHTOOLWIN on 11:02 Rating: 5
Powered by Blogger.