မဟာဗန္ဓုလလမ်းပေါ်မှာ မော်တော်ယာဉ် မီးလောင်မှု ဖြစ်ပွား

ဓါတ်ပုံ - Htoo Htoo khin
ရန်ကုန် နိုဝင်ဘာ ၎

ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် အမှတ် (၂) ရပ်ကွက် မဟာဗန္ဓုလ လမ်းနှင့် (၅၃) လမ်းထိပ်၊ မဟာဗန္ဓုလ လမ်းအတိုင်း အရှေ့မှ အနောက် သို့ မောင်းနှင်လာသော ယဉ်အမှတ် AA-8329 Probox ခဲရောင် အငှား ယာဉ်သည် ဆီပိုက် ပြုတ်ထွက်၍ အင်ဂျင်ခန်းပေါ်ကျပြီး မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ပါသည်။


အဆိုပါမောင်တော်ယာဉ် မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ မြို့နယ် မီးသတ် ဦးစီးမှူး ဦးကျော်လွင် ဦး ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်များ မြို့မ မေတ္တစခန်းမှူး ရဲအုပ် မျိုးသန့် ဦးစီးတပ်ဖွဲ့ဝင်များ ၊ အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း ပါအဖွဲ့ဝင်များမှ မီးသတ်ယာဉ် (၂) စီးဖြင့် မီးငြှိမ်းသတ်ခဲ့သည်။ အငှားယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရှိရသည်။


မီးလောင်မှုကြောင့် ယာဉ်ရှေ့ခန်း ပျက်စီးဆုံးရှုံးခဲ့သည်။ မီးလောင်မှုဖြစ် စဉ်နှင့် ပတ်သက်၍ ပုဇွန်တောင်မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေး ယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိသည်။

ပုဇွန်တောင် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မဟာဗန္ဓုလလမ်းပေါ်မှာ မော်တော်ယာဉ် မီးလောင်မှု ဖြစ်ပွား  မဟာဗန္ဓုလလမ်းပေါ်မှာ မော်တော်ယာဉ် မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 19:48 Rating: 5
Powered by Blogger.