ရုရှားလေယာဉ်တင်သင်္ဘောက ဆီးရီးယားတွင် ပထမဆုံးတိုက်ခိုက်မှု ပြုလုပ်


မော်စကို ၊ ၁၆-၁၁-၂၀၁၆

မြေထဲပင်လယ် အရှေ့ပိုင်းသို့ ရောက်ရှိနေသည့် ရုရှား လေယာဉ်တင် သင်္ဘောသည် ဆီးရီးယား စစ်ပွဲတွင် ပထမဆုံးအကြိမ် ပါဝင်တိုက်ခိုက် နေပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂျီရွိုင်ဂူ က ပြောသည်။

အဆိုပါ လေယာဉ်တင် သင်္ဘောပေါ်မှ တိုက်လေယာဉ် များသည် အိုင်ဒလစ်ဘ်နှင့် ဟွမ်းစ်ပြည်နယ် တို့ရှိ ISIS နှင့် အယ်လ်နျူဆရာ တပ်ဦးအဖွဲ့တို့ သိမ်းပိုက်ထားသည့် နေရာများအား လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်မှု များကို နိုဝင်ဘာ ၁၅ ရက် ဒေသ စံတော်ချိန်နံနက် ၁ဝ နာရီခွဲနှင့် ၁၁ နာရီတို့တွင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ရွိုင်ဂူ က ပြောသည်ဟု TASS သတင်းဌာနက ဖော်ပြသည်။

ထို့ပြင် လေယာဉ်တင် သင်္ဘော Admiral Kuznetsov သည် ရုရှားရေတပ် သမိုင်းတွင် ပထမဆုံးအကြိမ် တိုက်ပွဲဝင် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ၄င်းက ပြောသည်။

ဆက်လက်ပြီး ဆီးရီးယား အစိုးရ၏ နိုဝင်ဘာ ၁၅ ရက်တွင် လုပ်ဆောင်သည့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှု များသည် သူပုန်များ ထိန်းချုပ်ထားသည့် အလက်ပိုမြို့ အရှေ့ပိုင်းရှိ လူနေအိမ်များကို ထိမှန်ကြောင်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောသည်။

ရုရှား သတင်းဌာန တစ်ခုဖြစ်သည့် Sputnik ၏ ဖော်ပြချက်အရ ရုရှားနိုင်ငံထုတ် MIG-29K တိုက်လေယာဉ်သည် အဆိုပါ လေယာဉ်တင် သင်္ဘောပေါ်မှ အဆင်းအတက် ပျံသန်းမှု လေ့ကျင့်စဉ် ပျက်ကျသွားကြောင်း နှင့်လေ ယာဉ်မှူးမှာ လေယာဉ်အတွင်းမှ ခုန်ထွက် နိုင်သည့်အတွက် အသက်အန္တရာယ် စိုးရိမ်ရခြင်း မရှိကြောင်း သိရသည်။

အဆိုပါ လေယာဉ် ပျက်ကျမှုသည် နည်းပညာ ချွတ်ယွင်းချက်ကြောင့် ဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ယင်း ပျက်ကျမှုပြီးနောက် သတ်မှတ် လေ့ကျင့်ခန်း အစီအစဉ်များကို ဆက်လက် လုပ်ဆောင် ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ရုရှားလေယာဉ်တင်သင်္ဘောက ဆီးရီးယားတွင် ပထမဆုံးတိုက်ခိုက်မှု ပြုလုပ်  ရုရှားလေယာဉ်တင်သင်္ဘောက ဆီးရီးယားတွင် ပထမဆုံးတိုက်ခိုက်မှု ပြုလုပ် Reviewed by THITHTOOLWIN on 11:35 Rating: 5
Powered by Blogger.