ပန်ဆိုင်းရဲစခန်းအား အလစ်အငိုက်ချောင်းမြောင်းပစ်ခတ်


နိုဝင်ဘာ ၂၅၊ ၂၀၁၆

နိုဝင်ဘာ ၂၅ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ် အချိန်တွင် မူဆယ်မြို့နယ် ပန်ဆိုင်း နယ်မြေရဲစခန်း ဝင်ပေါက်အနီး မသင်္ကာဖွယ်လူတစ်ဦး ချဉ်းကပ်လာ၍ စခန်းအတွင်းရှိ တာဝန်ကျရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးစဉ် ရဲစခန်းနှင့် မျက်နှာချင်းဆိုင် ကိုက် (၁၀၀) ခန့်အကွာ နေအိမ်ခြံဝန်းအတွင်းရှိ လက်နက်ကိုင် ၂ ဦးက အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ပြီး ထွက်ပြေးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိ (၁) ဦး နှင့် ရဲတပ်သား (၁) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ပစ်ခတ်ထွက်ပြေးသွားသူများအား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်း လျက်ရှိကြောင်း သိရှိရသည်။

ရဲစခန်းဝင်ပေါက်အနီးသို့ ကနဦး ချဉ်းကပ်လာသည့် ပန်ဆိုင်းမြို့၊ ရပ်ကွက် (၈)နေ ဦးယုံချီး (၃၀)နှစ် အား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်ပတ်သက်ခြင်း ရှိ/မရှိ စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
https://www.facebook.com/SCOInfoC/
ပန်ဆိုင်းရဲစခန်းအား အလစ်အငိုက်ချောင်းမြောင်းပစ်ခတ်  ပန်ဆိုင်းရဲစခန်းအား အလစ်အငိုက်ချောင်းမြောင်းပစ်ခတ် Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.