မောင်နှမကျေးရွာအနီးတွင် ဘင်္ဂလီအကြမ်းဖက်သမားများ၏ ချုံခိုတိုက်ခိုက်မှုကြောင့် တပ်ရင်းမှူးတစ်ဦး ကျဆုံး


နိုဝင်ဘာ ၁၂/DMG

မောင်တောမြို့နယ်၊မောင်နှမကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းအား အကြမ်းဖက်သမားများက ချုံခိုတိုက်ခိုက်မှုပြုလုပ်သောကြောင့် ယနေ့(နိုဝင်ဘာလ ၁၂) ညနေ ၅ နာရီခွဲတွင်တပ်မတော် ၃၄၅ ကယာယီတပ်ရင်းမှူးဗိုလ်မှူးကျော်ဇေယျ ကျဆုံးခဲ့ကြောင့်ခဲ့သိရသည်။

ထို့ပြင် ယနေ့(နိုဝင်ဘာလလ ၁၂ ) နေ့နံနက်ပိုင်းက လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းအား အကြမ်းဖက်သမားများက မျောတောင်ဘင်္ဂလီကျေးရွာအဝင်တွင် တိုက်ခိုက်ခဲ့ရာ ခမရ ၅၅၁က တပ်သားတစ်ဦးကျဆုံးသွားခဲ့ကာ အရာရှိတစ်ဦးနှင့်တပ်သားနှစ်ယောက် ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရသည်။
တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာမှာ အကြမ်းဖက်သမားအလောင်း ၃ လောင်းနှင့် လက်နက်ငယ် ၁ လက်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

“ဒီနေ့မနက်ပိုင်းကနေ ပစ်ခတ်သံတွေတော့ကြားပါတယ်။ဒေသခံတွေကလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ သူတို့တွေက ဘယ်သူတွေကို ဦးတည်ပြီးခုလိုတိုက်နေရတာလည်းဆိုတာကိုလည်း တွေးကြည့်ရင်းစိုးရိမ်ထိလန့်မှုတွေရှိနေပါတယ်။ ”ဟုအောင်မင်္ဂလာကျေးရွာမှဒေသခံ တစ်ဦးကပြောသည်။

လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်အဖွဲ့နှင့်အကြမ်းဖက်သမားများ တိုက်ခိုက်မှုဖြစ်ပွားနေမှုအပေါ် အစိုးရအဖွဲ့မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်မှု မရှိသေးပေ။

အောက်တိုဘာလ ၉ ရက်နေ့ကစတင်ဖြစ်ပွားနေသည့် မောင်တောအကြမ်းဖက်မှုသည် လက်ရှိအချိန်ထိ တည်ငြိမ်မှု မရရှိသေးဘဲ ဒေသခံတိုင်းရင်းသားများလည်း ယခင်ကထက်ပိုမိုစိုးရိမ်မှုများရှိနေကြောင်းသိရသည်။

ဓာတ်ပုံ - ဖိုးသီဟ
Development Media Group
https://www.facebook.com/DevelopmentNJ/
မောင်နှမကျေးရွာအနီးတွင် ဘင်္ဂလီအကြမ်းဖက်သမားများ၏ ချုံခိုတိုက်ခိုက်မှုကြောင့် တပ်ရင်းမှူးတစ်ဦး ကျဆုံး မောင်နှမကျေးရွာအနီးတွင် ဘင်္ဂလီအကြမ်းဖက်သမားများ၏ ချုံခိုတိုက်ခိုက်မှုကြောင့် တပ်ရင်းမှူးတစ်ဦး ကျဆုံး Reviewed by THITHTOOLWIN on 19:31 Rating: 5
Powered by Blogger.