ထိုင်းနိုင်ငံ တောင်ပိုင်းတွင် သေနတ်ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး သေဆုံး

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် သေနတ်ပစ်ခတ်မှုကြောင့် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဘန်ကောက်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

    ထိုင်းနိုင်ငံ တောင်ပိုင်း ပတ်ထနီပြည်နယ်တွင် အမည်မသိ သေနတ်သမား နှစ်ဦး ပစ်ခတ်မှုကြောင့် ထိုင်းလူမျိုး ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး သေဆုံးကာ အခြား အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက နိုဝင်ဘာလ ၂၇ ရက်က သတင်း တင်ပြထားသည်။

အဆိုပါ ပစ်ခတ်မှုတွင် နိုဝင်ဘာလ ၂၆ ရက် ညပိုင်းက ဓာတ်ဆီဆိုင် တစ်ခုအနီး၌ စားစရာများ ဝယ်ယူကာ အိမ်ပြန်လာသည့် ဆိုင်ကယ်စီး အမျိုးသမီး နှစ်ဦးအား အခြား ဆိုင်ကယ်စီးလာသည့် သေနတ်သမား နှစ်ဦးက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ကိုယ်ဝန် ၈ လရှိပြီ ဖြစ်သော ထိုင်း အမျိုးသမီး Rattakikal Jawang နှင့် ၎င်း၏ သန္ဓေသားတို့ သေဆုံးသွားကြောင်း သိရသည်။

သေနတ်ပစ်ခံရသည့် အသက် ၃၀ နှစ်အရွယ် အခြား အမျိုးသမီး Saijai Thongdee သည်လည်း ဆေးရုံ၌ ကုသမှု ခံယူလျက်ရှိသည်။

ယင်း တိုက်ခိုက်မှုအား ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိပြီး သောင်းကျန်းသူများ၏ လက်ချက်ဟု ကနဦး ယုံကြည်ထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် သေနတ်ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး သေဆုံး ထိုင်းနိုင်ငံ တောင်ပိုင်းတွင် သေနတ်ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.