အစ္စရေးက ကြောက်စရာကောင်းတဲ့ မီး အကြမ်းဖက် ရို့မီးလေလား


အစ္စရေးနိုင်ငံရဲ့  တတိယအကြီးဆုံးမြို့တော် ဟိုင်ဖာက တောမီးပုံစံ မီးလောင်မူဟာ အကြမ်းဖက်တိုက်ခိုက်မူတစ်ခုဖြစ်နိုင်တယ်လို့ အစ္စရေးအာဏာပိုင်တွေက ယူဆနေပါတယ်။ မနေ့က စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ ပြန့်နှံ့လာပြီး ဒီကနေ့ ဟိုင်ဖာမြို့ကို ကူးစက်လာတာဖြစ်ပါတယ်။

၂ လကြာ မိုးခေါင်ရေရှားဖြစ်နေပြီး လေပြင်းတိုက်ခိုက်ချိန်မှာ တောမီးပုံစံနဲ့ စတင်လောင်ကျွမ်းခဲ့တာပါ။ အချိန်တိုတိုလေးမှာ နေရာအနှံ့ ပြန့်နှံ့လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။

အစ္စရေးအာဏာပိုင်တွေကတော့ တောမီးလို့ မယူဆပဲ ရို့မီးလို့ ယူဆနေပါတယ်။ ဟိုင်ဖာမြို့တော်ဝန်ကတော့ လောင်စာတွေရှိတဲ့နေရာကို စီးကရက်မီးနဲ့ အစီအစဉ်ရှိရှိ လုပ်တဲ့ ရို့မီးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ အစ္စရေးဝန်ကြီးချူပ်ကတော့ ရို့မီးဆိုတာ သက်သေပြနိုင်ပြီဆိုရင် အကြမ်းဖက်တိုက်ခိုက်မူတစ်ခုလို့ ယူဆပြီး ပြင်းပြင်းထန်ထန်လက်စားချေတုန့်ပြန်မယ်လို့ ပြောဆိုထားပါတယ်။


 ပါလက်စတိုင်းအုပ်ချူပ်ရေးအဖွဲ့ကတော့ မီးလောင်မူကို ကူညီငြိမ်းသတ်ပေး လိုကြောင်း အစ္စရေးအာဏာပိုင်တွေကို အကြောင်းကြားထားပေမဲ့ တစ်စုံတစ်ရာ တုန့်ပြန်မူမရသေးဘူးဆိုပါတယ်။ ဒါပေမဲ့ ရုရှား တူရကီ ဆိုက်ပရပ်စ် ဂရိ နဲ့ပြင်သစ်နိုင်ငံတွေက မီးငြိမ်းသတ်ရေးအဖွဲ့တွေကတော့ မီးငြိမ်းသတ်ရေးနဲ့ ကူညီကယ်ဆယ်ရေးတွေ လာရောက် ဆောင်ရွက်ပေးနေတယ်ဆိုပါတယ်။

အခု မီးလောင်မူကြောင့် အနဲဆုံး လူ ၁၃၀ ကျော်ကို အရေးပေါ်ဆေးကုသမူပေးနေတယ်လို့ အစ္စရေးအာဏာပိုင်တွေက ပြောဆိုထားတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြထားပါတယ်။

5 Plus News
https://www.facebook.com/5plusnews/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ