ရခိုင်အကြံပေးကော်မရှင် လုံခြုံရေးအရ မောင်တောခရီးစဉ်အား ဖျက်သိမ်းကာ စစ်တွေမြို့နယ်ရှိ ကျေးရွာများ သွားရောက်လေ့လာ


နိုဝင်ဘာ ၁၆/DMG

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့သည် လုံခြုံရေးအခြေအနေများကြောင့် မောင်တောခရီးစဉ်အား ဖျက်သိမ်းခဲ့ကာ စစ်တွေမြို့နယ်ရှိ ဘင်္ဂလီကျေးရွာများကို သွားရောက်ရောက်ပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့ကြကြောင်းသိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့သည် နိုဝင်ဘာလ ၁၅ ရက်နေ့က စစ်တွေသို့ရောက်ရှိလာပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံခဲ့ကြသည်။

“ကော်မရှင်အဖွဲ့တွေက မောင်တောဘက်ကို သွားမလို့ စာရင်းပေးထားတာရှိတယ်။ ဒါပေမယ့် လုံခြုံရေး အခြေအနေအရပဲ သူတို့မသွားတော့ဘူးဆိုပြီး သူ့ဟာသူ အစီစဉ်ဖြုတ်လိုက်တာပါ”ဟု ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးတာဝန်ခံ ဦးမင်းအောင်ကပြောသည်။


ယနေ့ (နိုဝင်ဘာလ ၁၆ ရက်နေ့)တွင် စစ်တွေမြို့နယ်ရှိ သဲချောင်း၊အုန်းတောကြီး၊ ဇောပူဂျာ၊ အုန်းရေဇော် စသည့် ကျေးရွာများကို သွားရောက်ပြီး စားဝတ်နေရေး၊ လူနေမှုအခြေအနေများကို ဆွေးနွေးလျက်ရှိကြောင်းလည်းသိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့၏ ဒုတိယအကြိမ်အဖြစ်လာရောက်သည့် ရခိုင်ခရီးစဉ်သည် နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ထိ ၂ ရက်တာခရီးဖြစ်ကြောင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ထံမှသိရသည်။

Development Media Group
https://www.facebook.com/DevelopmentNJ/
ရခိုင်အကြံပေးကော်မရှင် လုံခြုံရေးအရ မောင်တောခရီးစဉ်အား ဖျက်သိမ်းကာ စစ်တွေမြို့နယ်ရှိ ကျေးရွာများ သွားရောက်လေ့လာ ရခိုင်အကြံပေးကော်မရှင် လုံခြုံရေးအရ မောင်တောခရီးစဉ်အား ဖျက်သိမ်းကာ စစ်တွေမြို့နယ်ရှိ ကျေးရွာများ သွားရောက်လေ့လာ Reviewed by THITHTOOLWIN on 16:21 Rating: 5
Powered by Blogger.