တန်ဆောင်တိုင်မီးပုံးပျံ အထူးပွဲကြည့်စင်များ ပြန်လည်ဖျက်သိမ်း


(တောင်ကြီး၊ နိုဝင်ဘာ ၂)

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပမည့် အဝေရာ မီးပုံးပျံကွင်း၌ တည်ဆောက်လျှက်ရှိသည့် အထူးပွဲကြည့်စင်များအား ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့လည်က ပြန်လည်ဖျက်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲကြည့်စင်များတည်ဆောက်နေမှုကို တောင်ကြီးဒေသခံများမှ ယမန်နေ့က ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယခုကဲ့သို့ ပြန်လည်ဖျက်သိမ်းနေခြင်း ဖြစ်သည်။


ပွဲကြည့်စင်များ တည်ဆောက်နေမှုကို ကန့်ကွက်ခဲ့သည့် ဦးတင်မောင်တိုးက `` ပြည်သူ့ ဆန္ဒကို မျက်ကွယ်မပြုကြောင်း ရှမ်းပြည်နယ်အစိုးရက သက်သေပြလိုက်ပါပြီ။
ပြည်သူများမလိုလားသော အခပေး ပွဲကြည့်စင်များကို ဖျက်သိမ်းနေပါပြီ။
Cherry Queen Group မှ ကိုမောင်တိုး၊ ကိုစိုးလင်းတို့ ညီအကိုတော်များကိုလည်း တောင်ကြီးမြို့သူ/သားများကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ် ´´ ၄င်း၏ လူမှုကွန်ရက်တွင် ရေးသား ဖော်ပြထားသကဲ့သို့ ပွဲကြည့်စင်များ ဖျက်သိမ်းမှုကို ဒေသခံများက ထောက်ခံကြိုဆိုလျှက်ရှိကြောင်းလည်း သိရသည်။

Kanbawza Tai News Journal
https://www.facebook.com/kanbawzatai
တန်ဆောင်တိုင်မီးပုံးပျံ အထူးပွဲကြည့်စင်များ ပြန်လည်ဖျက်သိမ်း  တန်ဆောင်တိုင်မီးပုံးပျံ အထူးပွဲကြည့်စင်များ ပြန်လည်ဖျက်သိမ်း Reviewed by THITHTOOLWIN on 16:55 Rating: 5
Powered by Blogger.