လူသတ်မှု၊ မုဒိမ်းမှု ကျူးလွန်သူအား ဖမ်းဆီးရမိပြီး ခိုးမှုများထပ်မံဖော်ထုတ်နိုင်

ရန်ကုန်၊ နိုဝင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် လှော်ကားနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်း(ပ)၁၆၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ အမှုမှ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်ခဲ့ရာ ခိုး၊ ဆိုး၊ လု၊ နှိုက် ပြစ်ချက်ဟောင်းရှိသူ ကော့မှူးမြို့နယ်နေ ခင်ညွန့်(ခ)မျိုးထက်မှ ကျူးလွန်ခြင်းဖြစ်ကြောင်း မသင်္ကာဖွယ်သိရှိရပြီး ၎င်းအား သာကေတမြို့မရဲစခန်းတွင် စက်ဘီးခိုးမှုဖြင့် ဖမ်းဆီးရမိထားကြောင်းသိရှိရသဖြင့် စစ်ဆေးခဲ့ရာ အဆိုပါ အမှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည့်အပြင် ၎င်းမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း(ပ)၆၂/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ-၃၇၆/၃၆၃/၅၁၂ အမှုမှ တရားခံပြေးတစ်ဦးဖြစ်သဖြင့် ယင်းအမှုများဖြင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။

၎င်းအား အခြားခိုးမှု၊ လုယက်မှုများ ကျူးလွန်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ ဇန်န၀ါရီလနှင့် မတ်လအတွင်းက မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ပန်းဘဲတန်း၊ ဒဂုံ၊ မရမ်းကုန်း၊ လှိုင်၊ မင်္ဂလာတောင်ညွန့်၊
မြောက်ဥက္ကလာပ၊ ကမာရွတ်နှင့် သင်္ဃန်းကျွန်းမြို့နယ်များ အတွင်းရှိလမ်းများ၊ နေအိမ်များ၊ ဈေးဆိုင်များ၊ အဆောက်အဦလုပ်ငန်းခွင်များအတွင်းနှင့် ရပ်ထားသောမော်တော်ယာဉ်များပေါ်မှ လက်ကိုင်ဖုန်းများ၊ ရွှေထည် ပစ္စည်းများ၊ လက်သမားသုံး လျှပ်စစ်စက်ပစ္စည်းများ၊ လက်ပ်တော့များ၊ LCD monitor ၊ flatTVများနှင့်စက်ဘီးများကို လှည့်လည်သွားလာကာ ခိုးယူခဲ့သည့်အမှု(၁၃)မှုအား ထပ်မံဖော်ထုတ်နိုင်ခဲ့ပါသည်။

ယင်းသို့ပေါ်ပေါက်ချက်များအရ သက်သေခံ ပစ္စည်းသိမ်းဆည်းကာ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် အမှုများထပ်မံဖွင့်လှစ်၍ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
လူသတ်မှု၊ မုဒိမ်းမှု ကျူးလွန်သူအား ဖမ်းဆီးရမိပြီး ခိုးမှုများထပ်မံဖော်ထုတ်နိုင် လူသတ်မှု၊ မုဒိမ်းမှု ကျူးလွန်သူအား ဖမ်းဆီးရမိပြီး ခိုးမှုများထပ်မံဖော်ထုတ်နိုင် Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.