ကရိန်းကားနှင့် ကျောက်သည်တွဲကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ ၄ ဦး သေဆုံးပြီး ၊ ၆ ဦး ဒဏ်ရာရ



22-11-2016 ညနေ 4:30 အချိန်ခန့်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်း တောင်စွန်းလမ်းခွဲအနီးတွင် ကရိန်းကားနှင့် ကျောက်သည်တွဲကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ ၄ ဦး သေဆုံးပြီး ၊ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။


အဆိုပါ ယာဉ်တိုက်မှုအား မြို့နယ်ရဲတပ်ဖွဲ့မှ အကူညီတောင်းသဖြင့် ကျိုက်ထိုမြို့နယ် လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ် ၃ စီး၊ နိဗ္ဗာန်ယာဉ် ၁ စီး စုစုပေါင်း ၄ စီးဖြင့် သွားရောက်၍ လိုအပ်သော ကူညီမှုများပြုလုပ်ပြီး ဒဏ်ရာရရှိသူ ၆ ဦးနှင့် သေဆုံးသူ ၄ ဦးအား ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

ထိုမှတစ်ဆင့် ဒဏ်ရာရရှိသူ ၅ ဦးအား ပဲခူးဆေးရုံသို့ အခမဲ့ ကူညီပို့ဆောင်းပေးခဲ့သည်။

Kokhant Zaw Erssdo

by သစ်ထူးလွင်
ကရိန်းကားနှင့် ကျောက်သည်တွဲကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ ၄ ဦး သေဆုံးပြီး ၊ ၆ ဦး ဒဏ်ရာရ  ကရိန်းကားနှင့် ကျောက်သည်တွဲကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ ၄ ဦး သေဆုံးပြီး ၊ ၆ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 22:29 Rating: 5
Powered by Blogger.