အဋ္ဌမတန်းကျောင်းသူတစ်ဦး ရေမြောင်းအတွင်းသို့ ခုန်ချခဲ့မှု ဖြစ်ပွား


ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ပန်းတောရိုးကျေးရွာအုပ်စု၊ ညောင်ခြေထောက်ခုံးတံတား ရေမြောင်းထဲကို အ.ထ.က(၂)က အဋ္ဌမတန်းကျောင်းသူ တစ်ဦး နိုဝင်ဘာ (၄) ရက် ညနေကျောင်းဆင်းချိန်မှာ ခုန်ချမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။


အဲဒီရေမြောင်းထဲခုန်ချခဲ့တဲ့ကျောင်းသူဟာပန်းတောရိုးအနောက်ကျေးရွာနေဦးဇော်လွင်ရဲ့သမီးဖြစ်ပြီး ညနေကျောင်းဆင်းချိန်မှာ စက်ဘီး၊ လွယ်အိတ်၊ဖိနပ်တို့ကို ခုံးတံတားမှာ ထားပြီး ရေမြောင်းထဲကိုခုန်ချခဲ့တာဖြစ်ပါတယ်။

အဲဒါကိုသိရှိရချိန်မှာ အနီးရှိ ကျောင်းသား၊ရွာသားတွေက လိုက်လံရှာဖွေရာ ညမိုးချုပ်တဲ့ အထိ ရှာဖွေပေမယ့်မတွေ့ရှိကြဘူးလို့သိရပါတယ်။


နိုဝင်ဘာ (၅) ရက် နံနက် (၉) နာရီအချိန် ခန့်မှာ ပန်းတောရိုးကျေးရွာအုပ်ချုပ်ရေးမှူးက ရဲစခန်းကိုဆက်သွယ်ပြီး ရေနစ် သေဆုံးသူတွေ့ရှိပြီဖြစ်ကြောင်း ပြောကြားရာ တာဝန်မှူး ဒုရဲအုပ်လှမိုး က အလောင်းကို ဆေးရုံကိုပို့ စစ်ဆေးစေခဲ့တယ်လို့သိရပါတယ်။


အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ကျောင်းကုန်းမြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ်(၁၅/၂၀၁၆)နဲ့ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ဒီသတင်းကိုဝင်းကြိုင်(ကျောင်းကုန်း)ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
အဋ္ဌမတန်းကျောင်းသူတစ်ဦး ရေမြောင်းအတွင်းသို့ ခုန်ချခဲ့မှု ဖြစ်ပွား အဋ္ဌမတန်းကျောင်းသူတစ်ဦး ရေမြောင်းအတွင်းသို့ ခုန်ချခဲ့မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.