![]() |
မောင်တောအကြမ်းဖက်မှု လေ့လာစုံစမ်းရေးကော်မတီ ခေါင်းဆောင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း ကို တွေ့ရစဉ်။ Photo: Min Thein Aung/RFA |
လာဘ်ပေးလာဘ်ယူကိစ္စတွေနဲ့ နယ်စပ်ဂိတ်က လူဝင်လူထွက်ကိစ္စတွေကို ပေါ့ပေါ့တန်တန် သဘောထားခဲ့ လို့ ပြဿနာတွေဖြစ်လာတာလို့ ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ မောင်တောအကြမ်းဖက်မှု လေ့လာ စုံစမ်းရေးကော်မတီ ခေါင်းဆောင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။
ပြည်နယ်လွှတ်တော်ထံ တင်သွင်းထားတဲ့ ကော်မတီရဲ့ ပဏာမအစီရင်ခံစာမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားပေးဖို့၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံနယ်စပ်မှာ သံဆူးကြိုးနဲ့ ကာရံထားတာကို အုတ်တံတိုင်းနဲ့ ပြောင်းလဲကာရံဖို့၊ မွတ်စလင်ကျေးရွာတွေကို စနစ်တကျ ပြန်လည်ဖွဲ့စည်းပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေကို ရခိုင်ပြည်နယ်လွှတ်တော်က စုံစမ်းရေးကော်မတီဖွဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ကစတင်ကာ ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပဏာမအစီရင်ခံစာကို နိုဝင်ဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်ထံ တင်ပြထားတာဖြစ်ပြီး ပြည်နယ် လွှတ်တော်ကတဆင့် ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရထံ တင်ပြမှာဖြစ်ပါတယ်။
မောင်တောအကြမ်းဖက်မှု လေ့လာစုံစမ်းရေးကော်မတီဟာ အပြီးသတ်အစီရင်ခံစာကို ဒီဇင်ဘာလ နောက်ဆုံးပတ် မှာ တင်ပြရမှာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese/
ရသေ့တောင်နဲ့ မောင်တော အကြမ်းဖက်ခံရမှု စုံစမ်းရေးကော်မတီ ပဏာမအစီရင်ခံစာ တင်သွင်း
Reviewed by THITHTOOLWIN
on
19:44
Rating:
