နမ့်လန်ဈေးတွင် မီးလောင်မှု ဖြစ်ပွားနေ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊တောင်ဘက် မိုင် ၄၀ ခန့် အကွာတွင်တည်ရှိသော နမ့်လန်မြို မ့ဈေးတွင် ယနေ့  အောက်တိုဘာ ၆ ရက်နေ့  ည ၇း၀၀ နာရီက မီးလောင်ကျွမ်းမှုဖြစ်ပွားနေကြောင်း နမ့်လန်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ ဦးစိုင်းရွှေသိန်းက ယနေ့ (နိုဝင်ဘာလ ၆ရက်) ည ၇း၀၅ တွင် AHN သို့ပြောသည်။

" ဟုတ်တယ်၊ နမ့်လန်ဈေးမှာ မီး အကြီးအကျယ်လောင်နေတယ်။ ကျွန်တော် ပစ္စည်းတွေသိမ်းနေလို့ပါ။နောက်မှ ပြန်ဆက်ပေးပါ " ဟု၎င်းကပြောသည်။

နမ့်လန်ဈေးမီးလောင်နေသည်မှာမှန်ကန်ကြောင်း ကျောက်မဲ ခရိုင် မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီးဒေါ်ခင်သီက အတည်ပြုပြောသည်။

" သီပေါနဲ့၊ လားရှိုးက မီးသတ်ကားတွေ သွားပြီး မီးငြိမ်းနေပါတယ် " ဟု၎င်းကပြောသည်။

သီပေါက မီးသတ်းကားများ နမ့်လန်မြို့သို့ ထွက်ခွာသွားကြောင်း သီပေါမြို့ခံတစ်ဦးကပြောသည်။

" မီးကများတယ်။ ကူညီဖို့ ၀မ်းမော သီပေါ ကားနဲ့ နမ့်လန်ကိုသွားနေတယ်။ လမ်းမှာ "ဟု သီပေါမြို့ခံ ကိုဘိုဘိုကပြောသည်။

ဓါတ်ပုံ - ရုပ်သံ ။  ။ Mee Nge
စိုင်းမင်း ( ရှမ်းပြည်နယ်မြောက်ပိုင်း)
The Asia Heart News

နမ့်လန်ဈေးတွင် မီးလောင်မှု ဖြစ်ပွားနေ  နမ့်လန်ဈေးတွင် မီးလောင်မှု ဖြစ်ပွားနေ Reviewed by THITHTOOLWIN on 19:34 Rating: 5
Powered by Blogger.